K pop

■ အတိုအပြတ်တွေနဲ့ မသက်မသာဖြစ်ခဲ့ရတဲ့ အမျိုးသမီး Idol များ

— – – ဒီဝတ်စုံတွေကြောင့် သူတို့ မသက်မသာ ဖြစ်ခဲ့သလို၊ ဖန်တီးပေးခဲ့တဲ့ Stylist တွေဟာလည်း ပြင်းထန်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရ …

ကင်မရာများစွာနဲ့ ရိုက်ကူးနေတာကြောင့် အဝတ်အစားပိုင်းနဲ့ ပတ်သက်လို့ တစ်စုံတစ်ခုလွဲချော်သွားတာနဲ့ အမျိုးသမီး Idol တွေအတွက် အတော်လေး ဒုက္ခရောက်နိုင်ပါတယ်။ ဒါကို သိရက်နဲ့ တချို့ Stylist တွေ ဖန်တီးခဲ့တဲ့ ဝတ်စုံတွေကြောင့် အမျိုးသမီး Idol တွေဟာ သူတို့ရဲ့ အရှက်ကို ကာကွယ်ဖို့ ကြိုးစားရင်း အတော်လေး မသက်မသာ ဖြစ်ခဲ့ရပါတယ်။

Minah (Girl’s Day)


2015 Korean Popular Culture Arts Awards ပွဲကို တက်ရောက်ခဲ့တဲ့ Girl’s Day အဖွဲ့ဝင် Minah တိုပြတ်လွန်းတဲ့ ဝတ်စုံကြောင့် အတော်လေး မသက်မသာ ဖြစ်ခဲ့ရပါတယ်။

 

Taeyeon (Girls’ Generation)


Girls’ Generation အဖွဲ့ရဲ့ Concert တစ်ခုမှာ အဖွဲ့ခေါင်းဆောင် Taeyeon ရဲ့ တိုပြတ်လွန်းတာကြောင့် ပရိသတ်တွေက အဲဒီဝတ်စုံကို ဖန်တီးခဲ့တဲ့ Stylist ကို အပြစ်တင်ခဲ့ကြတာပါ။

 

Nancy (Momoland)


Momoland အဖွဲ့ဟာ Crop top နဲ့ ဘောင်းဘီအတို တွဲဝတ်လေ့ရှိပါတယ်။ ဒါပေမဲ့ Nancy အတွက် ချုပ်လုပ်ထားတဲ့ ဘောင်းဘီဟာ တိုလွန်းတဲ့အပြင် ကျပ်လွန်းတာကြောင့် သူမဟာ မသက်မသာဖြစ်ခဲ့ရပါတယ်။

 

Irene (Red Velvet)


2016 SBS Gayo Daejun ပွဲကို တက်ရောက်ခဲ့တဲ့ Red Velvet အဖွဲ့ခေါင်းဆောင် Irene ရဲ့ ဝတ်စုံကြောင့် ပရိသတ်တွေက Stylist ကို ဝေဖန်ခဲ့ကြပါတယ်။ အပေါ်က Off Shoulder ဖြစ်တဲ့အပြင် အောက်ကလည်း တိုပြတ်လွန်းတာကြောင့် Irene ခမျာ အပေါ်ဆွဲတင်ရင်လည်း အောက်ဆွဲပြန်လည်း အခက် ဖြစ်ခဲ့ရတာပါ။

 

Seolhyun (AOA)


၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ AOA အဖွဲ့ဝင် Seolhyun ဟာ တိုပြတ်လွန်းတဲ့ ဝတ်စုံကြောင့် အတော်လေးကို မသက်မသာ ဖြစ်ခဲ့ရပါတယ်။

 

Lisa (BLACKPINK)


BLACKPINK အဖွဲ့ဝင် Lisa ဟာ 2017 Seoul Music Awards ပွဲကို အဖွဲ့ဝင်တွေနဲ့ အတူ တက်ရောက်ခဲ့ပြီး ဝတ်စုံတိုလွန်းတာကြောင့် အခက်တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် လှေကားအတက်အဆင်းမှာ Lisa အနေနဲ့ အတော်လေးကို သတိထားခဲ့ရတာပါ။

 

Sana (TWICE)


2017 Golden Disc Awards ပွဲကို တက်ရောက်ခဲ့တဲ့ Sana ဟာလည်း တိုပြတ်လွန်းတဲ့ စကတ်ကြောင့် အခက်တွေ့ခဲ့ရပြီး အတော်လေးကို မသက်မသာ ဖြစ်ခဲ့တာပါ။

— ဃဲ
Ref: Koreaboo

You cannot copy content of this page