— – – သူမရဲ့ အသက် (၂၁) နှစ်သာ ရှိသေးသေးတာပါ။ (၂)လကျော်အတွင်း ရိုက်ကူးခဲ့တဲ့ ဇာတ်ကားပမာဏက ကြောက်ခမန်းဖြစ်ပြီး ဝင်ငွေကတော့ …
၂၀၁၆ ခုနှစ်မှာ PR Entertainment က BaBa ဆိုတဲ့ အမျိုးသမီး K-pop အဖွဲ့တစ်ဖွဲ့ကို ပွဲထုတ်ခဲ့ပါတယ်။ အဲဒီအဖွဲ့မှာ Seungha ဆိုတဲ့ ကောင်မလေးတစ်ယောက်လည်း ပါဝင်ခဲ့တာပါ။
Seungha ဟာ အဖွဲ့နဲ့ပွဲထွက်ပြီး (၁)နှစ်ကျော်အကြာမှာပဲ Idol ဘဝကို စွန့်လွှတ်ခဲ့ပြီး အပြာမင်းသမီးဘဝကို ကူးပြောင်းခဲ့ပါတယ်။ Sexual Life TV မှာတော့ Seungha က သူမရဲ့ အပြာမင်းသမီးဘဝအကြောင်းကို ပြောပြခဲ့ပါတယ်။
Seungha ဟာ ၂၀၀၀ ပြည့်နှစ်မှာ မွေးဖွားသူဖြစ်လို့ အသက် (၂၁)ပဲ ရှိသေးပေမဲ့ အပြာမင်းသမီးဖြစ်တာကြောင့် တော်ရုံလူတွေ မမှန်းနိုင်တဲ့ ဝင်ငွေတွေကို ရရှိခဲ့တယ်လို့ အဲဒီအစီအစဉ်မှာ ဖွင့်ဟခဲ့ပါတယ်။
“ကျွန်မ အပြာမင်းသမီးဘဝကို ကူးပြောင်းပြီး (၂)လအကြာမှာပဲ ဇာတ်ကားပေါင်း (၄၀)အထိ ရိုက်ကူးခဲ့ရပါတာယ်။ အပြာမင်းသမီးဆိုတာလည်း သရုပ်ဆောင်တွေထဲက သရုပ်ဆောင်တစ်ဦးပါပဲ။ ဒီလောကမှာ ကျွန်မက လူသစ်ဖြစ်ပေမဲ့ K-pop Idol အဖြစ် ပွဲထွက်ခဲ့တာကြောင့် ဝင်ငွေကောင်းပါတယ်။ ကျွန်မဟာ ဇာတ်ကားတစ်ကားအတွက် Sedan ကားတစ်စီး ဝယ်ယူနိုင်တဲ့ ပမာဏကို ရရှိပါတယ်”လို့ Seungha က ဆိုပါတယ်။
ကိုရီးယားထုတ် Sedan ကားတစ်စီးရဲ့ ဈေးနှုန်းဟာ အနည်းဆုံး ကန်ဒေါ်လာ (၂၀၀၀၀) က စပါတယ်။
Seungha ဟာ Sex Scandal ဆိုတဲ့ ဇာတ်ကားကို နောက်ဆုံးရိုက်ကူးထားပြီး ပရိသတ်တွေအကြား အကြိုက်တွေ့နေတယ်လို့ သိရပါတယ်။
— ဃဲ
Source: Dispatch