K pop

■ BTS တွေဒိတ်ရင် ARMY တွေ ဘယ်လိုတုံပြန်မလဲဆိုတာ Suga သုံးသပ်

– – -Dating နဲ့ ပတ်သက်ရင် BTS အဖွဲ့ဝင်တွေဟာ ခဏခဏ အမေးခံခဲ့ရဖူးပါတယ်။ ဒီအခါမှာ Suga က ဒိတ်ရင် ARMY တွေ ဘယ်လိုနေမလဲဆိုတာနဲ့ ပတ်သက်ပြီး…

Rolling Stone နဲ့ အင်တာဗျူးအသစ်မှာ BTS အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ရည်မှန်းချက်တွေ အပါအဝင် Dating အကြောင်းတွေကိုပါ စိတ်ဝင်စားဖွယ် ဖွင့်ဟခဲ့ကြပါတယ်။

တကယ်တော့ BTS အဖွဲ့ဝင်တွေအနေနဲ့ အရင်ကလည်း Dating နဲ့ပတ်သက်ရင် မေးခွန်းအမျိုးမျိုး အမေးခံခဲ့ရပြီး အဖြေပေါင်းများစွာ ပေးခဲ့ကြပါတယ်။ ဒီအခါမှာတော့ Suga က သူတို့ဒိတ်ရင် ARMY တွေ ဘယ်လိုတုံ့ပြန်မယ်ထင်မလဲဆိုတာ အမေးခံခဲ့ရပါတယ်။

ဒီအခါမှာ Suga ရဲ့ အဖြေကရှင်းပါတယ်။ ARMY တွေကလည်း လူအမျိုးမျိုး၊ စိတ်အထွေထွေဖြစ်လို့ လက်ခံတဲ့သူရှိမယ်၊ လက်မခံတဲ့သူရှိနိုင်မှာဖြစ်ကြောင်း၊ သူတို့မှာလည်း သူတို့တစ်ဦးချင်းအမြင်ရှိကြောင်းဖွင့်ဟခဲ့ပါတယ်။

“ဒီမေးခွန်းကို နားလည်ဖို့ ခက်ခဲတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ ARMY တွေက လူအမျိုးမျိုး၊ စိတ်အထွေထွေပါ။ ဒီလိုကိစ္စမျိုးမှာ လက်ခံတဲ့သူရှိမယ်၊ လက်မခံတဲ့သူရှိမယ်။ ဒိတ်တာဖြစ်ဖြစ်၊ တခြားတစ်ခုခုလုပ်တာဖြစ်ဖြစ် သူတို့ အမြင်ချင်း တူမှာမဟုတ်ပါဘူး”လို့ Suga က ဆိုခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page