K pop

■ သူ့ကို အလွမ်းပြေစေမဲ့ နည်းလမ်း (၃) ခုကို Baekhyun မျှဝေ

– – -သူ့ကို လွမ်းနေပြီဆိုရင် ဒီအရာလေးတွေနဲ့ ဖြေသိမ့်လို့ရပါတယ်ဆိုပြီး Baekhyun က ဆိုခဲ့တာပါ။

ကိုယ်နှစ်သက်တဲ့ K-pop Idol တစ်ဦး စစ်မှုထမ်းသွားပြီဆိုရင် ပရိသတ်တွေ လွမ်းပြီးကျန်နေရစမြဲပါ။ Baekhyun ကတော့ EXOL တွေ သူ့ကို လွမ်းနေပြီဆိုရင် ဖြေသိမ့်နိုင်တဲ့ နည်းလမ်း (၃) ခုကို ဗီဒီယိုဖိုင်တစ်ခုနဲ့ တင်ဆက်ထားခဲ့ပါတယ်။

တစ်လတစ်ခါ Youtube မှာ ဗီဒီယိုတင်မယ်

ပရိသတ်တွေအနေနဲ့ Baekhyun နဲ့ အဆက်မသွယ် လုံးဝမရမှာ စိုးရိမ်စရာလိုမှာ မဟုတ်ပါဘူး။ သူ့အနေနဲ့ BAEKHYUN Youtube Channel မှာ တစ်လတစ်ခါ ဗီဒီယိုတွေ တင်ဆက်သွားမှာဖြစ်ကြောင်း၊ ဒီဗီဒီယိုတွေက ပရိသတ်တွေကို ကျေနပ်မှု ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း Baekhyun က ဆိုခဲ့ပါတယ်။

Baekhyun ရဲ့ Solo Album တွေ နားထောင်ပါ

ဒုတိယနည်းအနေနဲ့ Baekhyun က သူ့ရဲ့ Solo Album တွေကို နားထောင်ပါလို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် Baekhyun ဟာ ဘယ်လိုသီချင်းမျိုးတွေကို နားထောင်ရမလဲဆိုတာပါ အကြံပြုခဲ့ပါတယ်။ ဝမ်းနည်းနေတဲ့အခါမျိုးကျရင် “Poppin’” when you’re happy, “Cry For Love” တို့ နားထောင်သင့်ပြီး အထီးကျန်မှုကို ချေဖျက်နိုင်ဖို့ Bambi ကို နားထောင်ပါလို့ Baekhyun က ဆိုခဲ့ပါတယ်။

#BAEKHYUNtoday

နောက်ဆုံးနည်းလမ်းအနေနဲ့ Twitter မှာ တင်တဲ့အခါ #BAEKHYUNtoday ဆိုတဲ့ Hashtag ကို အသုံးပြုဖို့ Baekhyun က ဆိုခဲ့ပါတယ်။ ဒါမှ EXOL တွေ စားတာသောက်တာ၊ EXOL တွေရဲ့အပြုံးတွေကို သူ့အနေနဲ့ စစ်မှုထမ်းဆောင်နေရပေမဲ့ နေ့စဉ်တွေ့မြင်နိုင်တယ်လို့ Baekhyun က ဆိုခဲ့တာပါ။

-Ref: Koreaboo

You cannot copy content of this page