K pop

■ SM Entertainment သမိုင်းမှာ 1st Week Album Sale အမြင့်ဆုံးအနုပညာရှင်ဖြစ်ခဲ့တဲ့ NCT Dream

—- NCT Dream ဟာ စီနီယာ EXO အဖွဲ့ရဲ့စံချိန်ကိုကျော်ဖြတ်ပြီး SM Entertainment မှာ စံချိန်သစ် တင်ခဲ့…

NCT Dream အဖွဲ့ဟာ သူတို့ရဲ့နောက်ဆုံးထွက် Album နဲ့ SM Entertainment သမိုင်းတစ်လျှောက် 1st Week Album Sale အမြင့်ဆုံးအနုပညာရှင်အဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

NCT Dream အဖွဲ့ဟာ မကြာသေးခင်က Hot Sauce Album ကိုထုတ်လွှင့်ထားခဲ့ပြီး မေလ 14 ရက်နေ့အထိ (5)ရက်အတွင်း Album Copies 868,000 ကျော်ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ NCT Dream အဖွဲ့ရဲ့ Album ရောင်းအားဟာ SM Entertainment သမိုင်းတစ်လျှောက် 1st Week Album Sale အမြင့်ဆုံးအနုပညာရှင်ဖြစ်လာခဲ့တာပါ။

အရင်က SM Entertainment မှာ 1st Week Album Sale အမြင့်ဆုံးအနုပညာရှင်အဖြစ် စံချိန်တင် ထားသူမှာ EXO အဖွဲ့ဖြစ်ပြီး Don’t Mess Up My Tempo နဲ့ 790,000 ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

K-pop လောက 1st Week Album Sale အမြင့်ဆုံး အနုပညာရှင်စာရင်းမှာတော့ NCT Dream အဖွဲ့ ဟာ နံပါတ် (7)မှာ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page