K pop

■ YouTube Views ကိုယ်ပိုင်အမြန်ဆုံးစံချိန်သစ်တစ်ခုတင်ခဲ့တဲ့ TWICE

— TWICE အဖွဲ့ရဲ့ “I CAN’T STOP ME” MV ဟာ အဖွဲ့ရဲ့ YouTube Views သန်း 300 ပြည့်တဲ့ အဖွဲ့ရဲ့ အမြန်ဆုံး MV တစ်ခုဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

မေလ 16 ရက်နေ့ ကိုရီးယားစံတော်ချိန် 5:30 AM မှာ “I CAN’T STOP ME” MV ဟာ YouTube Views သန်း 300 ပြည့်တဲ့မိုင်တိုင်ကိုရောက်ရှိခဲ့ပါတယ်။ ဒါကြောင့် “I CAN’T STOP ME” MV ဟာ TWICE အဖွဲ့ရဲ့ သီချင်းတွေအနက် YouTube Views သန်း 300 အမြန်ဆုံးပြည့်တဲ့ သီချင်းတစ်ပုဒ် လည်းဖြစ်လာခဲ့ပါတယ်။

TWICE အဖွဲ့ဟာ “I CAN’T STOP ME” MV ကို 2020 ခုနှစ်၊ အောက်တိုဘာလ 26 ရက်နေ့က ထုတ်လွှင့်ခဲ့တာကြောင့် YouTube Views သန်း 300 ပြည့်တဲ့မိုင်တိုင်ကိုရောက်ရှိဖို့ 6လ၊ 19ရက်နဲ့ 11 နာရီသာကြာမြင့်ခဲ့ပါတယ်။

နောက်ပြီး “I CAN’T STOP ME” MV ဟာ YouTube Views သန်း 300 ပြည့်တဲ့ TWICE အဖွဲ့ရဲ့ 10 ခုမြောက် MV လည်းဖြစ်သလို အရင် Views 300 ပြည့်မိုင်တိုင်ရောက်ရှိထားတဲ့ MV 9 ခုမှာ “TT,” “Likey,” “Cheer Up,” “Like OOH-AHH,” “What Is Love?“, “Heart Shaker,” “FANCY,” “Feel Special,” နဲ့ “YES or YES.” တို့ဖြစ်ကြပါတယ်။

အရင်တုန်းက အဖွဲ့ရဲ့ YouTube Views သန်း 300 အမြန်ဆုံးပြည့်ထားတဲ့ MV မှာ 2018 ခုနှစ်က ထွက်ရှိထားတဲ့ “ Likey” ဖြစ်ပြီး 10လ၊ 16ရက်၊ 18နာရီနဲ့ စံချိန်တင်ထားတာဖြစ်ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page