—- SHINee အဖွဲ့ဝင် Taemin နဲ့ BTS အဖွဲ့ဝင် Jimin တို့ဟာ လက်ရှိ K-pop လောကရဲ့ အကောင်း ဆုံး Dancer စာရင်းဝင်တွေဖြစ်သလို နှစ်ဦးစလုံးကလည်း အပြင်မှာ သူငယ်ချင်းတွေဖြစ်ကြပါတယ်။
မကြာသေးခင်က SHINee အဖွဲ့ဝင် Taemin ဟာ “Do you believe in Taeminism? TAEMIN’s life, TAEMIN’s Advice.” ခေါင်းစဉ်နဲ့ အစီအစဉ်တစ်ခုမှာ BTS အဖွဲ့ဝင် Jimin နဲ့ 2016 ခုနှစ်တုန်းက KBS Song Festival မှာ အတူတူဖျော်ဖြေခဲ့ဖူးတာကို ပြန်လည်တူးဆွခဲ့ပါတယ်။
Taemin က “ ကျွန်တော်နဲ့ Jimin ဟာ အရင်တုန်းက အတူတူဖျော်ဖြေခဲ့ဖူးပါတယ်။ သူဟာ ကျွန် တော့်အတွက် အကောင်းဆုံးသူငယ်ချင်းတစ်ဦးဖြစ်ရုံသာမက အကောင်းဆုံးလုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ခဲ့သူပါ။ သူနဲ့အတူ Collaboration လုပ်တုန်းက ကောင်းမွန်တဲ့အချိန်ကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အဲဒီ အမှတ်တရတွေကို အမြဲတမ်းသတိရနေပါတယ်” လို့ ပြောခဲ့ပါတယ်။
Taemin is a solo artist as well as member of K-Pop groups SHINee and SuperM
He is one of Jimin's long-time idol friends and a member of the "Padding Squad"
They both collaborated during the 2016 KBS year-end showpic.twitter.com/A9IPwLvv0q
— JIMIN DATA (@PJM_data) May 14, 2021
Taemin နဲ့ Jimin တို့ဟာ HotShot’s Sungwoon, Vixx’s Ravi, Hotshot’s Timoteo, EXO’s Kai တို့ပါဝင်တဲ့ “Padding Squad” သူငယ်ချင်းတွေဖြစ်ကြပါတယ်။
-m2t
Ref: Allkpop