K pop

■ အရှုပ်တော်ပုံတွေကြောင့် ရုပ်သံလိုင်းတွေရဲ့ ပိတ်ပင်ခြင်းခံရတဲ့ K-pop Idol (၄) ဦး

— – – တချို့က အဲဒီလိုလုပ်ဖို့ ထိုက်တန်ပေမယ့် တချို့ကတော့ အဲဒီလောက်အထိ ပြုမူခံရဖို့ မထိုက်တန်ဘူးလို့ ဆိုရ ….

K-pop မှာ Scandal ဆိုတဲ့ အရှုပ်တော်ပုံတွေက Idol တစ်ယောက်ကို Idol ဘဝမှာ ရပ်တည်လို့ မရအောင်အထိ ဆွဲချနိုင်ပါတယ်။

ဒါပေမဲ့ တချို့အမှားတွေ၊ တချို့အရာတွေကို ကိုယ်တိုင် သတိမထားလိုက်မိခင်မှာပဲ ကျူးလွန်တတ်တာကလည်း လူတို့ရဲ့ သဘာဝပါပဲ။ ဒီ အမျိုးသား K-pop Idol (၅)ဦးကတော့ Scandal တွေကြောင့် ရုပ်သံလိုင်းတွေရဲ့ Ban လုပ်ခြင်းကို ခံခဲ့ရသူတွေ ဖြစ်ပါတယ်။

Andy (SHINHWA)


SHINHWA အဖွဲ့ဝင် Andy ဟာ ၂၀၁၃ မှာ ဘောလုံးပွဲအလောင်းအစားပြုလုပ်မှုကြောင့် MBC ရုပ်သံရဲ့ အစီအစဉ်တွေက နုတ်ထွက်ခဲ့ရပါတယ်။ သူဟာ သူ့ရဲ့လုပ်ရပ်အတွက် တောင်းပန်ခဲ့သလို SHINHWA အဖွဲ့ဝင်တွေကလည်း Andy ကိုယ်စား တောင်းပန်ခဲ့တာပါ။ MBC က Andy ကို ၂၀၁၅ မှာမှ သူတို့ရုပ်သံတွေမှာ ထုတ်လွှင့်ပေးခဲ့ပါတယ်။

Park Yoochun (JYJ အဖွဲ့ဝင်ဟောင်း)


JYJ အဖွဲ့ဝင်ဟောင်းနဲ့ နာမည်ကျော်မင်းသားဖြစ်သူ Park Yoochun ဟာ ဆေးသုံးစွဲတယ်လို့ စွပ်စွဲခံခဲ့ရတာပါ။ သူ ငြင်းခဲ့ပေမယ့် စစ်ဆေးတဲ့အခါမှာတော့ Postive ဖြစ်ခဲ့လို့ (၂)နှစ်စောင့်ကြည့်ခံခဲ့ရပြီး အဲဒီဖြစ်ရပ်ပေါ်ပေါက်ကတည်းက MBC ရုပ်သံက သူ့ကို Ban ခဲ့တာပါ။

Tony Ahn (H.O.T အဖွဲ့ဝင်ဟောင်း)


၂၀၁၃ မှာ Tony Ahn ဟာ Lee Soo Geun၊ Tak Jae Hoon တို့နဲ့အတူ တရားမဝင် online sports gambling လုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး အဲဒီစွပ်စွဲချက် မှန်ကန်ခဲ့တာကြောင့် ထောင်ဒဏ် (၆)လနဲ့ တစ်နှစ်စောင့်ကြည့်ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ သူ့ကိုသာမက H.O.T အဖွဲ့ သီချင်းတွေကိုပါ KBS နဲ့ MBC တို့က Ban ခဲ့ပြီး (၃)နှစ်အကြာဖြစ်တဲ့ ၂၀၁၆ မှာမှ ပြန်ဖွင့်ပေးခဲ့ပါတယ်။

Choi Jong Hoon (F.T. Island အဖွဲ့ဝင်ဟောင်း)


၂၀၁၉ မှာ လောလောလတ်လတ်မှာ ဖြစ်ပေါ်ခဲ့တဲ့ Jung Joon Young ရဲ့ အမှုမှာ ပါဝင်ခဲ့သူပါ။ အမျိုးသမီးလေးတွေရဲ့ အလိုမတူဘဲ ရိုက်ထားတဲ့ ဗီဒီယိုတွေကို မျှဝေခဲ့တာဖြစ်ပါတယ်။ အဲဒီအမှုကြောင့် Choi Jong Hoon ထောင် (၂)နှစ် (၆)လ ပြစ်ဒဏ် ချမှတ်ခံခဲ့ရသလို၊ ကိုရီးယားရုပ်သံတွေအားလုံး Ban ခြင်းကိုပါ ခံခဲ့ရပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page