K pop

■ Hanbok ဝတ်စုံနဲ့ အလိုက်ဖက်ဆုံး BLACKPINK အဖွဲ့ဝင်ကို ဒီဇိုင်နာ ရွေးချယ်

— – – How You Like That MV က BLACKPINK အဖွဲ့ဝင်တွေ ဝတ်ဆင်ခဲ့တဲ့ Hanbok ဝတ်စုံတွေဟာ ချီကျူးခံခဲ့ရပြီး အဲဒီဝတ်စုံတွေကို တီထွင်ပေးခဲ့တဲ့ ဒီဇိုင်းနာက ဝတ်စုံနဲ့ အလိုက်ဖက်ဆုံး အဖွဲ့ဝင်ကို …

၂၀၂၀ ဇွန်လ (၂၆)ရက်မှာ ထုတ်ဝေခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့ How You Like That MV ဟာ အရမ်းအောင်မြင်ခဲ့သလို၊ အဲဒီ MV မှာ ဝတ်ဆင်ခဲ့တဲ့ ခေတ်မီအောင် ဖန်တီးထားတဲ့ Hanbok ဝတ်စုံတွေကိုလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။

ဒါကြောင့် အဲဒီဝတ်စုံတွေကို ဖန်တီးပေးခဲ့တဲ့ ဒီဇိုင်နာကို ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြပြီး DKDKTV က ဝတ်စုံတွေ ဖန်တီးခဲ့တဲ့ ဒီဇိုင်နာ Danha Seoul နဲ့ တွေ့ဆုံခဲ့ပါတယ်။

BLACKPINK အဖွဲ့ရဲ့ How You Like That MV ထွက်လာပြီးနောက်မှာ ဒီဇိုင်နာ Danha Seoul ရဲ့ Hanbok ဝတ်စုံရောင်း ဆိုင်လေးဟာ အရမ်းကို ရောင်းအား မြင့်တက်ခဲ့တယ်လို့လည်း သိရပါတယ်။

“ကျွန်မ BLACKPINK အဖွဲ့ကို DDU-DU DDU-DU ထွက်ပြီးကတည်းက အားပေးခဲ့တာပါ။ ကားပေါ်မှာ သူတို့ သီချင်းတွေ နားထောင်လေ့ရှိပြီး အခုထွက်တဲ့ How You Like That ကလည်း တကယ်ကောင်းပါတယ်။ ကျွန်မရဲ့ ဝတ်စုံတွေကို ဝတ်လို့ ဒီစကားပြောတာ မဟုတ်ပါဘူး”လို့ Danha Seoul က ဆိုပါတယ်။

အဲဒီနောက်မှာတော့ Danha Seoul က BLACKPINK အဖွဲ့ဝင်တွေမှာ သူမအနေနဲ့ Jennie ကို အကြိုက်ဆုံးလို့ ဆိုပါတယ်။ Jennie က အရမ်းချောပြီး ကြက်လေးလို ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ဖြစ်တယ်လို့လည်း သူက ဆိုခဲ့တာပါ။

“Jennie က ကျွန်မ အကြိုက်ဆုံးဖြစ်လို့ ဒီစကားကို ပြောတာ မဟုတ်ပါဘူး။ Jennie ကို့မြင်ကတည်းက Hanbok ဝတ်စုံတွေနဲ့ Jennie အရမ်းလိုက်ဖက်မှာကို ကျွန်မ သိခဲ့ပါတယ်။ သူဟာ Hanbok ဝတ်ဆင်ဖို့ မွေးဖွားလာသူဖြစ်ပါတယ်”လို့ Danha Seoul က ဆက်ပြောခဲ့ပါတယ်။

— ဃဲ
Ref: KB

You cannot copy content of this page