K pop

■Kai ရဲ့ အဝတ်ဗီရိုထဲက EXO-L တွေကို ထိရှစေခဲ့တဲ့အရာ

— -ဒီအရာလေးကို Kai က ဂရုတစိုက် သိမ်းထားဆဲဆိုတာ ပရိသတ်တွေ တွေ့မြင်လိုက်တဲ့အခါမှာတော့…

EXO အဖွဲ့ဝင် Kai အနေနဲ့လွန်ခဲ့တဲ့ (၆) နှစ်ခန့်က ပရိသတ်တစ်ယောက်ဆီက ရရှိခဲ့တဲ့လက်ဆောင်ကို ဂရုတစိုက် သိမ်းထာဆဲဆိုတာ EXO-L တွေ သိမြင်လိုက်ရချိန်မှာတော့ ထိရှခဲ့ရပါတယ်။

တလောက ထုတ်လွှင့်ခဲ့တဲ့ The Game Caterers ရဲ့ အပိုင်းတစ်ပိုင်းမှာ Kai နဲ့ Bae Jung Nam တို့ဟာ တစ်ယောက်အိမ်ကိုတစ်ယောက် သွားရောက်ခဲ့ကြပါတယ်။

အဲဒီမှာ Kai ရဲ့ အဝတ်ဗီရိုကို ပြသစဉ်မှာတော့ ကုတ်အင်္ကျီတစ်ထည်မှာ ပန်းပွင့်ပုံ Pin လေးတပ်ဆင်ထားတာကို ပရိသတ်တွေက သတိထားမိခဲ့ကြပါတယ်။ ဒါကတော့ တခြားမဟုတ်ဘဲ လွန်ခဲ့တဲ့ ၆ နှစ်က ပရိသတ် တစ်ယောက်က Kai ကို လက်ဆောင်ပေးခဲ့တာပါ။

အဲဒီတုန်းကလည်း အဆိုပါပရိသတ်ဟာ သူပေးထားတဲ့လက်ဆောင်ကို Suho ကိုင်ထားတာမြင်တော့ မျက်ရည်ကျမတတ် ဝမ်းသာမိတယ်လို့ ဖွင့်ဟခဲ့ပါသေးတယ်။ Kai ဟာ အဲဒီ Pin ကို ရရှိပြီးပြီးချင် ရက်အနည်းငယ်အကြာ ဂျပန်ကိုသွားရာမှာ ဝတ်ဆင်ခဲ့တာ တွေ့ရပါတယ်။

Kai အနေနဲ့ အခုအချိန်အထိ အဲဒီပရိသတ်ပေးတဲ့လက်ဆောင်ကို သိမ်းထားဆဲဖြစ်ကြောင်း တွေ့မြင်လိုက်ရချိန်မှာတော့ ပရိသတ်တွေက အံ့အားသင့်ခဲ့ရပြီး တကယ့်ကို နှလုံးသားထိရှချင်စရာကောင်းတယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

-Ref: Koreaboo

You cannot copy content of this page