K pop

■ Park Seo Joon ရဲ့ Fan Meeting ပွဲက V ရဲ့စကားသံ

– — တလောကတုန်းက Park Seo Joon ဟာ Online Fan Meeting ကျင်းပခဲ့ပြီး အဲဒီမှာ V က…

နာမည်ကျော်ကိုရီးယားမင်းသား Park Seo Joon ဟာ သူရဲ့အနုပညာသက်တမ်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Online Fan Meeting ပွဲကျင်းပခဲ့ပါတယ်။

အဲဒီမှာ Park Seo Joon ဟာ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက် အားပေးလာခဲ့ကြတဲ့ ပရိသတ်တွေကို အတိုင်းအဆမရှိ ကျေးဇူးတင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဒါ့အပြင် နာမည်ကျော်အနုပညာရှင်တွေကလည်း Video မက်ဆေ့ချ်တွေ ပေးပို့ကာ Park Seo Joon ရဲ့ အထိမ်းအမှတ်ပွဲကို အားဖြည့်ဂုဏ်ပြုခဲ့ကြပါတယ်။ အဲဒီအထဲမှာ Park Seo Joon ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ BTS အဖွဲ့ဝင် V လည်း ပါဝင်ခဲ့ပါတယ်။

V က “ကျွန်တော်က Park Seo Joon ရဲ့ သူငယ်ချင်း BTS အဖွဲ့ဝင် V ပါ။ သူက ဒီပွဲအတွက် တော်တော်လေး ပြင်ဆင်ထားတယ်လို့ ကျွန်တော်ကြားပါတယ်။ မတုန်လှုပ်ဘဲ တန်ဖိုးရှိတဲ့ အမှတ်တရတွေ ဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကောင်းမွန်တဲ့ပွဲလေးဖြစ်ပါစေ။ ဖိုက်တင်း”လို့ ဖွင့်ဟခဲ့တာပါ။

တခြား Wooga Squad ဝင်တွေဖြစ်တဲ့ Park Hyung Sik, Choi Woo Sik နဲ့ Peakboy တို့ကလည်း Video မက်ဆေ့ချ်တွေ ပေးပိုခဲ့ကြပါတယ်။

-Ref: Koreaboo

You cannot copy content of this page