K pop

■ TWICE အဖွဲ့ဝင်တွေ ဘယ်အချိန်မှာ အိပ်ယာထသလဲ

– -TWICE အဖွဲ့ထဲမှာ ဘယ်သူက အိတ်ပုတ်ကြီးပြီး ဘယ်သူက ဝီရီယကောင်းသလဲဆိုတာ…

နာမည်ကျော် ကိုရီးယား အမျိုးသမီး K-pop အဖွဲ့ဟာ The Kelly Clarkson Show မှာ ပါဝင်ရင်း Cry For Me ကို ဖျော်ဖြေခဲ့ရာမှာတော့ ရင်သပ်ရှုမောဖွယ်ကောင်းခဲ့ပါတယ်။

အဲဒီနောက် Benhind The Scene ဗီဒီယိုကို ထုတ်ဝေခဲ့ရာမှာတော့ ပရိသတ်တွေအတွက် ပျော်ရွှင်စရာ ဖြစ်ခဲ့ရပါတယ်။ ဒီဗီဒီယိုထဲမှာ TWICE အဖွဲ့ဝင်တွေဟာ Rehearsal ကို စောင့်နေရင်း အချင်းချင်းဘရောက်တတ်ရာရာ စကားတွေ ပြောဆိုနေခဲ့ကြတာပါ။

အဲဒီလိုပြောဆိုနေရင်း သူမတို့ဟာ အိပ်ယာထတဲ့အချိန်တွေအကြောင်း ဆိုခဲ့ရာမှာ စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ Dahyun က သူမအနေနဲ့ မနက် ၇ နာရီမှာ အိပ်ယာထတယ်လို့ ဆိုခဲ့ပါတယ်။

ဒါကိုကြားပြီးနောက် Nayeon က အံ့အားသင့်သွားပြီး အစောကြီးထတာ အထီးကျန်မနေဘူးလားလို့ မေးခဲ့ပါတယ်။ ဒီအခါ Dahyun က ဒီရက်ပိုင်း မနက်ပိုင်းတွေမှာ ရာသီဥတုက ကောင်းလွန်းတယ်လို့ တုံပြန်ခဲ့ပါတယ်။

Nayeon က သူမအနေနဲ့ မနက် ၁၀ နာရီလောက်ထပြီး ဒီအချိန်က အိပ်ယာထဖို့ အချိန်ကောင်းဖြစ်ပြီး လန်းဆန်းလွန်းကြောင်း ဖွင့်ဟခဲ့ပါတယ်။

Nayeon ရဲ့စကားကို Sana ကလည်း ထောက်ခံခဲ့ပြီး သူမလည်း မနက် ၁၀ နာရီမှထတာလို့ ဆိုခဲ့ပါတယ်။

Chaeyoung ကတော့ Dahyun ဘက်ကရပ်တည်ခဲ့ပြီး အားလပ်ရက်တွေမှာ အိပ်ယာစောစောထတာကောင်းကြောင်း၊ တစ်နေ့တာ ပိုမိုခံစားလို့ရကြောင်း ဆိုခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page