K pop

■ နွမ်းပါးတဲ့ မိသားစုကို ထောက်ပံ့ဖို့ ကြိုးစားရင်း နာမည်ကျော် Idol ဖြစ်လာသူ (၃)ဦး

— – – ရုန်းကန်ရတယ်ဆိုတာ ပုံပြင်တွေလောက်ပဲ နားထောင်လို့ ကောင်းတာပါ။ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရတာ၊ မိသားစုအတွက် နုနယ်ချိန်မှာပဲ ဝန်ထုပ်ပိုးထမ်းရတာတွေက … သူတို့ကတော့ အဲဒါတွေကို ထမ်းပိုးရင်းနဲ့ပဲ… အတုယူစရာ …

K-pop Idol တွေရဲ့ ဘဝက ခက်ခဲကြမ်းတမ်းလွန်းတာကို ပရိသတ်တွေ သိပြီးသားပါ။ Audition အောင်ဖို့ခက်ခဲသလို၊ Idol အဖြစ် မအောင်မြင်ရင် တစ်ဘဝလုံး ရေစုန်မျောပါပြီ။

သူတို့ကတော့ မိသားစုထောက်ပံ့မှုကို မရတဲ့အပြင် မိသားစုကို ထောက်ပံ့ဖို့အတွက် ဒီမရေရာတဲ့လမ်းကို လျှောက်ခဲ့ကြပြီး သူတို့ရဲ့ ဇွဲကြီးမှု၊ ကြိုးစားမှုတွေကြောင့် အောင်မြင်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Sunmi


Sunmi ဟာ ငယ်ငယ်ကတည်းက နာမည်ကျော်ဖြစ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ မိသားစုကို ထောက်ပံ့ဖို့ပါ။ “ကျွန်မ နာမည်ကျော်ဖြစ်ဖို့ ကြိုးစားခဲ့တာ ဖေဖေ့ကြောင့်ပါ။ ကျွန်မ ငယ်ငယ် ဖေဖေအသည်းအသန်း နေမကောင်းဖြစ်တော့ ကျွန်မတို့ အတော်လေးရုန်းကန်ခဲ့ရတယ်။ ကျွန်မက မိသားစုထဲမှာ အကြီးဆုံးဖြစ်လို့ ဖေဖေ့ကို ကူညီဖို့ ကြိုးစားခဲ့တယ်။ သင်တန်းသူ ဖြစ်လာတော့ ဒီက ဖိအားရော၊ ဖေဖေ့ရဲ့ အခြေအနေကြောင့်ပါ အတော်လေး ရုန်းကန်ခဲ့ရပါတယ်”လို့ Sunmi က ဆိုပါတယ်။ ဒါပေမဲ့ ကံမကောင်းတာက Sunmi ပွဲမထွက်ခင် လပိုင်းအလိုမှာပဲ ဖခင်ဖြစ်သူ ဆုံးပါးခဲ့ပါတယ်။ နောက်တော့ သူ့မောင်လေးတွေက Sunmi ကို ဖခင်ပေးခဲ့တဲ့ စာတစ်စောင်ပေးခဲ့တာပါ။ အဲဒီစာလေးမှာ “နောက်ဘဝကျရင်လည်း ဖေဖေ့သမီးပဲ ဖြစ်စေချင်တယ်”လို့ ဖခင်ဖြစ်သူက ရေးသားခဲ့ပြီး Sunmi ဟာ အဲဒီစာလေးအတွက် ဒီနေ့တိုင် ငိုနေရဆဲပါပဲ။

Taeyang (BIGBANG)


Taeyang က အတော်လေးနွမ်းပါးတဲ့ မိသားစုက ဆင်းသက်လာသူပါ။ အရမ်းကျပ်တည်းလာတဲ့အခါ Taeyang ဟာ မိသားစုအတွက် ငွေရှာဖို့ ဆိုးလ်ကို ထွက်လာခဲ့ပါတယ်။ YG ရဲ့ MV တစ်ခုမှာ Part Time သရုပ်ဆောင်ခွင့် ရခဲ့ပြီး CEO Yang Hyun Suk ကို သူ့ကို သင်တန်းသားအဖြစ် လက်ခံဖို့ ဇွဲကြီးစွာ အပူကပ်ခဲ့ပါတယ်။ YG မှာ GD နဲ့ သူငယ်ချင်းဖြစ်လာပြီး နောက်တော့ BIGBANG နဲ့ ပွဲထွက်ခဲ့ပါတယ်။ Yang Hyun Suk ကတော့ အခိုင်အမာပြောပါတယ်။ YG က BIGBANG ကို ဖန်တီးတာ မဟုတ်ဘူး။ BIGBANG ကသာ YG ကို ဖန်တီးခဲ့တာပါတဲ့။

Dara (2NE1)

Dara ရဲ့ ဘဝက အတော်လေး ဆိုးရွားပါတယ်။ သူမ ငယ်စဉ်မှာပဲ မိသားစု စီးပွားပျက်လို့ ကိုရီးယားမှာ မနေနိုင်ဘဲ ဖိလစ်ပိုင်ကို ပြောင်းခဲ့ရတယ်။ ဖိလစ်ပိုင်မှာ စကားနားမလည် ဘာမလည်နဲ့ အတော်လေးရုန်းကန်ခဲ့ရပြီး နောက်ပိုင်း ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကထဲ တိုးဝင်ခဲ့တယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူဟာ Dara ရှာသမျှ ငွေတွေကို အပိုင်သိမ်းပြီး မယားငယ်နောက် ကောက်ကောက်ပါအောင် လိုက်ခဲ့တယ်။ ဒါတောင် Dara ဟာ ဖခင်ဖြစ်သူကို နောက်ပိုင်းမှာ အကြွေးဆပ်ပေးခဲ့သေးပြီး YG နဲ့အတွေ့မှာ 2NE1 အဖွဲ့ဝင်အဖြစ် ပွဲထွက်နိုင်ခဲ့ပြီး အခုတော့ Dara ရဲ့ ဘဝက အသက်ရှူရှောင်ခဲ့ပါပြီ။

— ဃဲ
Ref: Koreaboo

You cannot copy content of this page