K pop

■ Momoland Hyebin နဲ့ UNB အဖွဲ့ဝင်ဟောင်း Marco တို့ ဒိတ်နေတယ်လို့ အတည်ပြု

—- Momoland အဖွဲ့ဝင် Hyebin နဲ့ UNB အဖွဲ့ဝင်ဟောင်း Marco တို့ဟာ ချစ်ကြိုးသွယ်နေကြောင်း ကို တရားဝင်ချပြ…

Momoland အဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့ MLD Entertainment က အဖွဲ့ဝင်တစ် ဦးဖြစ်သူ Hyebin နဲ့ UNB အဖွဲ့ဝင်ဟောင်း Marco တို့ဟာ ဒိတ်နေကြတယ်လို့ မေလ 17 ရက်နေ့မှာ အတည်ပြုထုတ် ပြန်ခဲ့ပါတယ်။

“ Hyebin နဲ့ Marco တို့ ဒိတ်နေတယ်ဆိုတဲ့ သတင်းတွေဟာ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒါဟာ သူတို့ရဲ့ သီးသန့်ဘဝတွေပါ။ အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ဖို့မလွယ်ပါဘူး” လို့ MLD Entertainment က ကြေညာခဲ့ပါတယ်။

မကြာသေးခင်ကတည်းက Hyebin နဲ့ Marco တို့ဟာ ကုတ်တွေ၊ နာရီတွေအပါအဝင် အခြားဇိမ်ခံ ပစ္စည်းမျိုးစုံကို Couple ဝတ်ဆင်ခဲ့ကြတာကြောင့် ပရိသတ်တွေက သူတို့နှစ်ဦးဒိတ်နေကြတယ်လို့ တွေးထင်ခဲ့ကြတာဖြစ်ပါတယ်။

Hyebin ဟာ 2016 ခုနှစ်ကတည်းက Momoland အဖွဲ့ဝင်အဖြစ် အနုပညာလှုပ်ရှားမှုတွေဆက်တိုက် လုပ်နေတာဖြစ်ပြီး Marco ကတော့ 2020 ခုနှစ်မှာ အဖွဲ့ဖျက်သိမ်းပြီးနောက်ပိုင်း သရုပ်ဆောင်တစ်ဦး အဖြစ် လှုပ်ရှားမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

-m2t
Ref: allkpop

You cannot copy content of this page