News

■ အရေးပေါ်လှေကားပေါက်နားက K-pop Idol စုံတွဲတွေရဲ့ အချစ်ဇာတ်လမ်း

– – — သူမအနေနဲ့ KBS အဆောက်အဦးရဲ့ အရေးပေါ်လှေကားနားမှာ K-pop Idol စုံတွဲတစ်တွဲက လျှို့ဝှက်တွေ့ဆုံကာ နမ်းနေကြတဲ့အကြောင်း….

မေလ (၁၃) ရက်နေ့မှာ KBS က ထုတ်လွှင့်တဲ့ Joy’s ‘Ssul-vival ရဲ့ အပိုင်းတစ်ပိုင်းမှာတော့ Kim Jimin က သူကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အံ့အားသင့်ဖွယ် အကြောင်းအရာတစ်ခုကို ဖွင့်ဟခဲ့ပါတယ်။

အဲဒီအစီအစဉ်မှာ Wonder Girls အဖွဲ့ဝင်ဟောင်း Yubin လည်း ပါဝင်ခဲ့ပြီး သူမတို့ဟာ K-pop Idol တွေ လျှို့ဝှက်တွေ့ဆုံတဲ့နေရာတွေအကြောင်း ဆွေးနွေးခဲ့ကြတာပါ။

အဲဒီမှာ Kim Jimin က သူမအနေနဲ့ KBS အဆောက်အဦးရဲ့ အရေးပေါ်လှေကားနားမှာ K-pop Idol စုံတွဲတစ်တွဲက လျှို့ဝှက်တွေ့ဆုံကာ နမ်းနေကြတဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒါကို သူမကိုယ်တိုင်မြင်ခဲ့ရတာဖြစ်ပါတယ်။

“တစ်ခါတုန်းက ကျွန်မ တစ်ခုခုကို မြင်ခဲ့ပါတယ်။ အဲဒီ Idol တွေက ဘယ်သူတွေလဲဆိုတာတော့ သေချာမသိပါဘူး။ အဲဒါက Music Bank နေ့မှာပါ။ ကျွန်မက KBS ရဲ့ ဒုတိယထပ်မှာ ရှိနေခဲ့တယ်။ အရေးပေါ်လှေကားနားမှာ သူတို့ နမ်းနေတာကို တွေ့ခဲ့ပါတယ်။

သူတို့က နံရံကိုကျောပေးပြီးနမ်းနေကြတာ။ လူတွေလာရင် ကြားနိုင်အောင် သူတို့က တံခါးနားကပ်နေတယ်လို့ ထင်ပါတယ်”လို့ Kim Jimin က ဖွင့်ဟခဲ့ပါတယ်။

ကိုရီးယားအဆောက်အဦးတော်တာ်များများရဲ့ အရေးပေါ်လှေကားတွေမှာ CCTV မရှိဘဲ အရေးပေါ် အခြေအနေမဟုတ်ရင် လူအနည်းစုသာ အသုံးပြုကြတာ ဖြစ်ပါတယ်။

-Ref: Koreaboo

You cannot copy content of this page