K pop

■ မြန်မာနိုင်ငံမှာ ဘာကြောင့် ဒီလိုဖြစ်ပျက်နေသလဲဆိုတာ စဉ်းစားမရနိုင်ဟု Lee Seung Gi ဖွင့်ဟ

– – – ဆရာမချမ်းမြမြသော်ဟာ SBS ရဲ့ The Master in the house အစီအစဉ်မှာ မြန်မာနိုင်ငံအကြောင်း ပါဝင်ဆွေးနွေးခဲ့ရာမှာတော့..

ဆရာမ ချမ်းမြမြသော်ဟာ SBS က ထုတ်လွှင့်တဲ့ The Master in the house အစီအစဉ်မှာ နာမည်ကျော် ကိုရီးယားအနုပညာရှင်တွေဖြစ်ကြတဲ့ Lee Seung Gi, Cha Eun Woo တို့နဲ့အတူ ပါဝင်ဆွေးနွေးခဲ့တာပါ။

ဆရာမ ချမ်းမြမြသော်အနေနဲ့ အာဏာရှင်စနစ်ကို ကျရောက်ပြီးကတည်းက ကိုရီးယားနိုင်ငံအတွင်း ရုပ်သံလိုင်းတွေမှာ ပါဝင်ရင်း မြန်မာနိုင်ငံအကြောင်း မကြာခဏ ဆွေးနွေးတင်ဆက်ပေးနေသူ ဖြစ်ပါတယ်။

မေလ (၁၈) ရက်နေ့မှာတော့ သူမအနေနဲ့ The Master in the house အစီအစဉ်မှာ ပါဝင်ဆွေးနွေးခဲ့တဲ့အကြောင်း၊ အဲဒီလိုဆွေးနွေးရာမှာ နိုင်ငံခြားသား အနုပညာသည်တွေအားလုံးဟာ မြန်မာ့အရေးကို အမှန်တကယ် စိတ်ဝင်စားမှုရှိကြကြောင်း Facebook စာမျက်နှာမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် နာမည်ကျော်မင်းသား Lee Seung Gi အနေနဲ့ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာ သူ စဉ်းစားမရနိုင်တဲ့အကြောင်း ထပ်ခါထပ်ခါ ပြောကြားခဲ့တဲ့အကြောင်း ဆရာမချမ်းမြမြသော်က ရေးသားဖော်ပြထားပါတယ်။

ဆရာမချမ်းမြမြသော် ပါဝင်တင်ဆက်ခဲ့တဲ့အပိုင်းကို ဇွန်လ (၆) ရက်နေ့မှာ ထုတ်လွှင့်သွားမယ်လို့လည်း သိရပါတယ်။

-Ref: Chang Mya Mya Thaw Facebook

You cannot copy content of this page