K pop

■ You Tube Views သန်း (၁၀၀) ကို အရင်ဆုံးရရှိခဲ့ကြတဲ့ K-pop အဖွဲ့ (၁၀) ဖွဲ့ (၁)

— – – ဒီနေ့ခေတ်မှာ You Tube Views သန်း (၁၀၀) ရဖို့ မခက်ပေမယ့် အရင်တုန်းကတော့ K-pop အဖွဲ့တွေအနေနဲ့ ဒီမှတ်တမ်း ရဖို့ မလွယ်ပါဘူး။

အရင်တုန်းက ဒီလိုမှတ်တမ်းမျိုးကို အရမ်းကျော်ကြားတဲ့ အဖွဲ့လောက်ပဲ ရရှိကြတာဖြစ်ပြီး ဒီအဖွဲ့တွေကတော့ You Tube Views သန်း (၁၀၀) အရင်ဆုံးရရှိခဲ့တဲ့ K-pop အဖွဲ့တွေဖြစ်တယ်လို့ Koreaboo ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

1. Girls’ Generation – April 1, 2013

K-pop အဖွဲ့တွေထဲမှာ You Tube Views သန်း (၁၀၀) အရင်ဆုံးပိုင်ဆိုင်ခဲ့တာ Girls’ Generation အဖွဲ့ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က ထုတ်ဝေတဲ့ သူတို့ရဲ့ Gee သီချင်းက အာရှသာမက ကမ္ဘာမှာပါ ပေါက်ခဲ့တာပါ။

2. BIGBANG – March 27, 2014

BIGBANG ရဲ့ FANTASTIC BABY သီချင်းဟာ K-pop သီချင်းတွေထဲမှာ လုံးဝ Icon သီချင်းဖြစ်ပြီး ယနေ့တိုင် ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြဆဲ သီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ အဖွဲ့နာမည်မသိရင်တောင် Bon Shaka Laka ဆိုတဲ့ အသံကို အလိုလို နားထဲ ရောက်လာမျိုးပါ။

3. 2NE1 – October 5, 2014

၂၀၁၁ MAMA မှာ Song of the Year ကို ရခဲ့တဲ့ 2NE1 ရဲ့ I AM THE BEST သီချင်းဟာလည်း ကမ္ဘာတစ်လွှား အောင်မြင်ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။

4. Super Junior – October 31, 2015

Super Junior ရဲ့ Mr.Simple သီချင်းကတော့ ယနေ့ခေတ်မှာ Idol အဖွဲ့ တော်တော်များများ Cover ဆိုနေရတဲ့ သီချင်းလည်း ဖြစ်ပါတယ်။ ဂန္ထဝင် K-pop အဖွဲ့ဖြစ်တဲ့ Super Junior ရဲ့ အအောင်မြင်ဆုံးသီချင်းလို့လည်း ဆိုနိုင်ပါတယ်။

5. EXO – May 5, 2016

Growl သီချင်းနဲ့ Album Sale တွေရော အောင်မြင်ကျော်ကြားမှုတွေကို ရရှိခဲ့တဲ့ EXO အဖွဲ့အတွက် Overdose သီချင်းဟာ သူတို့ရဲ့ ကျော်ကြားမှုကို မီးစာမြင့်ပေးတဲ့ သီချင်းလို့ ဆိုနိုင်ပါတယ်။ Overdose သီချင်း You Tube Views သန်း (၁၀၀) ပြည့်ပြီး သိပ်မကြာခင်မှာပဲ Growl လည်း သန်း (၁၀၀) ပြည့်ခဲ့ပါတယ်။

– ဃဲ
Ref: Koreaboo

You cannot copy content of this page