K pop

■ You Tube Views သန်း (၁၀၀) ကို အရင်ဆုံးရရှိခဲ့ကြတဲ့ K-pop အဖွဲ့ (၁၀) ဖွဲ့ (၂)

— – – ဒီနေ့ခေတ်မှာ You Tube Views သန်း (၁၀၀) ရဖို့ မခက်ပေမယ့် အရင်တုန်းကတော့ K-pop အဖွဲ့တွေအနေနဲ့ ဒီမှတ်တမ်း ရဖို့ မလွယ်ပါဘူး။

အရင်တုန်းက ဒီလိုမှတ်တမ်းမျိုးကို အရမ်းကျော်ကြားတဲ့ အဖွဲ့လောက်ပဲ ရရှိကြတာဖြစ်ပြီး ဒီအဖွဲ့တွေကတော့ You Tube Views သန်း (၁၀၀) အရင်ဆုံးရရှိခဲ့တဲ့ K-pop အဖွဲ့တွေဖြစ်တယ်လို့ Koreaboo ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

6. F(x) – October 15, 2016

F(x) အဖွဲ့ရဲ့ Electric Shock သီချင်းဟာ အရမ်းအောင်မြင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပြီး (၄) နှစ်ကျော်အကြာမှာတော့ You Tube Views သန်း (၁၀၀) ကို ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

7. BTS – October 26, 2016

I Need You နဲ့ ပရိသတ်တွေ ရင်ထဲ ထိုးဖောက်နိုင်ခဲ့တဲ့ BTS အဖွဲ့ဟာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာမှာတော့ Dope သီချင်းနဲ့ You Tube Views သန်း (၁၀၀) ပြည့်တဲ့ သတ္တမမြောက် အဖွဲ့အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

8. TWICE – November 10, 2016

၂၀၁၅ ခုနှစ်မှာ ပွဲထွက်ခဲ့တဲ့ TWICE အဖွဲ့ဟာ အစကတည်းက အောင်မြင်မှုတွေ ရရှိခဲ့ပြီး သူတို့ရဲ့ ပွဲထွက်သီချင်း Like OOH-Ahh OOH-Ahh ဟာ ၂၀၁၆ နိုဝင်ဘာလမှာ You Tube Views သန်း (၁၀၀) ပြည့်ခဲ့တာ ဖြစ်ပါတယ်။

9. BLACKPINK – January 30, 2017

BLACKPINK အဖွဲ့ရဲ့ ပွဲထွက်သီချင်း Boombayah ကတော့ You Tube Views သန်း (၁၀၀) ပြည့်ဖို့ အချိန်တွေ သိပ်မစောင့်ခဲ့ရပါဘူး။ (၆) လပဲ ကြာမြင့်ခဲ့တာ ဖြစ်ပြီး အဲဒီကတည်းက အောင်မြင်လာတဲ့ BLACKPINK အဖွဲ့ဟာ Ddu-Du Ddu-Du သီချင်းဟာ K-pop အဖွဲ့တွေထဲမှာ You Tube Views အများဆုံးအဖြစ် ရပ်တည်နေပါတယ်။

10. GOT7 – March 5, 2017

GOT7 အဖွဲ့ဟာ Just Right သီချင်းနဲ့ သူတို့ရဲ့ ချစ်စရာကောင်းမှုကို ပြသနိုင်ခဲ့ပါတယ်။ ဒါကပဲ သူတို့ကို You Tube Views သန်း (၁၀၀) အရင်ဆုံး ပြည့်တဲ့ (၁၀) ဖွဲ့မြောက် K-pop အဖွဲ့အဖြစ် ရပ်တည်စေခဲ့တာ ဖြစ်ပါတယ်။

– ဃဲ
Ref: Koreaboo

You cannot copy content of this page