K pop

■ EXO-L တွေရဲ့ ရင်မှာ ထာဝရတည်ရှိနေတယ့် ဂန္ထဝင်တေးသွား (၁)

— – – EXO ဆိုတဲ့ ခေါင်းစဉ်အောက်မှာ (၁၀)နှစ်ကျော်ကာလအတွင်း အဖွဲ့ဝင်တွေဟာ စိတ်မကူးလို့ မရနိုင်တဲ့ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရတယ်။ သူတို့ နာကျင်ခဲ့ရတယ်။ ဝေဖန်ခံခဲ့ရတယ်။ အလကားနေရင်း အဆဲခံခဲ့ရတယ်။ သံသယမျက်လုံးတွေနဲ့ ကြည့်တာတွေကို ခံခဲ့ရတယ်။ ဒဏ်ရာတွေ ရခဲ့တယ်။ ကိုယ်ရော စိတ်ပါ ပြန်လည်မထူထောင်နိုင်အောင် ပင်ပန်းနွမ်းနယ်ခဲ့ရတယ်။

ဒါပေမဲ့ သူတို့တွေက အဲဒီအခက်အခဲတွေ၊ အတားအဆီးတွေကို ဖြတ်ကျော်ခဲ့ကြပြီး အခုထက်ထိ သန်မာစွာနဲ့ ရပ်တည်နေတုန်းပဲ။ ဘယ်လိုအခက်အခဲတွေပဲ ကြုံကြုံ သူတို့ဟာ တစ်ယောက်လက်ကို တစ်ယောက်ဆွဲရင်း တစ်ယောက်ပုခုံးကို တစ်ယောက်ဆုပ်ကိုင်ရင်း ကျော်ဖြတ်ခဲ့ကြတယ်။

EXO စတင်ဖြစ်တည်တဲ့ နေ့ကတည်းက နေ့တိုင်းဟာ သူတို့အတွက် စစ်ပွဲပါပဲ။ ဒါပေမဲ့ အဲဒီကတည်းက သူတို့ဟာ လက်မလျော့ဘဲ အိပ်မက်တွေနောက်ကို အတူအကွ လိုက်ခဲ့ကြတယ်။

သူတို့အတွက် ပင်းပန်ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ သူတို့ဟာ ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ဘူး။ သူတို့ဟာ တစ်ယောက်ကို ဖေးမဖို့ အသင့်ရှိနေကြတယ်။ ကူညီဖို့ အသင့်ရှိနေကြတယ်။ ငိုကြွေးချင်လာတဲ့အခါ ငိုကြွေးဖို့ ပုခုံးတွေ အသင့်ရှိနေကြတယ်။

ဘဝဆိုတာ ဘယ်တော့မှ မလွယ်ပါဘူး။ အရင်တုန်းက အခက်အခဲတွေ ရှိခဲ့သလို၊ အခုလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတုန်းပဲ။ အနာဂတ်မှာလည်း အတားအဆီးတွေနဲ့ ကြုံရဦးမှာပဲ။ ဒါပေမဲ့ မပူပါနဲ့။ EXO တွေဟာ တစ်ယောက်ကို ဖေးမရင်း ကူညီရင်းနဲ့ ရှေ့ဆက်ကြမှာဖြစ်လို့ အားလုံးကို သူတို့ အကောင်းဆုံးကျော်ဖြတ်ကြဦးမှာပါ။

“ကျွန်တော် လိုချင်တဲ့ ဆုတစ်ခုပဲ ရှိတယ်။ အဲဒါက EXO အဖွဲ့ဝင်တွေ ပျော်ရွှင်မှုပါပဲ။
EXO အဖွဲ့ဝင်တွေက ညီအစ်ကိုတွေပါပဲ။ အခက်အခဲတွေ၊ ဒုက္ခတွေကို အတူတကွ ရင်ဆိုင်ကျော်လွှားပြီး တစ်ယောက်ကို တစ်ယောက် အားပေးဖို့ အသင့်ရှိနေကြပါတယ်။

ကျွန်တော်တို့အတူတကွ ရှိနေဖို့ ကံကြမ္မာ ဖန်တီးခဲ့တာပါ။ အဲဒါကြောင့် အဖွဲ့ဝင်တွေအားလုံးကို ကျွန်တော် အရမ်းတန်ဖိုးထားပါတယ်။ EXO အဖွဲ့အနေနဲ့ ဘယ်လောက်ကြာတဲ့အထိ ရပ်တည်နိုင်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် နားလည်တာတွေက ကိုယ့်နဲ့အတူ ရှိနေတဲ့ အဖွဲ့ဝင်တွေကို တန်ဖိုးထားရမယ်ဆိုတာ နားလည်ပါတယ်။ EXO နဲ့ ဖြတ်သန်းရတဲ့ အချိန်တိုင်းဟာ ကျွန်တော့်အတွက် ရတနာဖြစ်ပြီး ဒီလောက်နဲ့ကို ကျွန်တော့်အတွက် လုံလောက်ပါတယ်။

ကျွန်တော် EXO အဖွဲ့နဲ့ ပွဲထွက်နိုင်ဖို့ (၄)နှစ် လေ့ကျင့်ခဲ့ရပါတယ်။ သင်တန်းသားဘဝတုန်းက အမေ ဖုန်းခေါ်တာကို ကျွန်တော် မှတ်မိနေတုန်းပါပဲ။ “သား အကောင်းဆုံးကြိုးစားနေတယ် မဟုတ်လား။ ဒါပေမဲ့ သားရေ … မင်း ဘယ်လောက်ပဲ ကြိုးစားကြိုးစား။ Idol အဖြစ် ပွဲမထွက်ရတာလည်း ရှိနိုင်တယ်။ ဒီတော့ သား စိတ်မပျက်ပါနဲ့”ဆိုပြီး အမေက ကျွန်တော့်ကို ပြောတယ်။ အဲဒီစကားကို ပြောတဲ့အချိန်မှာ အမေငိုနေတယ်ဆိုတာကို ကျွန်တော် သိတယ်။ အဲဒီစကားကိုလည်း ကြားပြီးတာနဲ့ ကျွန်တော် ဘာမှမလုပ်တော့ဘဲ အချိန်ရှိတိုင်း လေ့ကျင့်ခဲ့ပါတယ်။
– Lay

“ကျွန်တော့်အနေနဲ့ အဆိုတော်အဖြစ် မရပ်တည်နိုင်တော့တဲ့အထိ EXO အဖွဲ့ဝင်အဖြစ် ကျွန်တော် ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်။

EXO အဖွဲ့ဝင်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ သင်တန်းသားဘဝကနေ အိပ်မက်တစ်ခုတည်းကို မက်ခဲ့ကြပြီး တူညီတဲ့ အတွေးတွေနဲ့ လျှောက်လှမ်းခဲ့ကြတာပါ။ အဲဒီအရာတွေကို ဒီနေ့ထက်ထိ ကျွန်တော်တို့ မပြောင်းလဲပစ်ပါဘူး။ အနာဂတ်မှာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အားလုံးအတူတကွ ခိုင်မာစွာ တည်ရှိနေမှာပါ။ ကျွန်တော်တို့အနေနဲ့ အတူတကွ အချိန်တွေ အကြာကြီး ရပ်တည်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်”- Chayeol

ဆက်လက်ဖော်ပြမည်

— Cj

You cannot copy content of this page