K pop

■ Golden Maknae အကြောင်း သိထားသင့်တဲ့ အချက်အလက်တချို့

— – – BTS အဖွဲ့ရဲ့ Golden Maknae ဖြစ်တဲ့ Jungkook နဲ့ ပတ်သက်လို့ သူ့ကိုချစ်တဲ့ ပရိသတ်တွေ သိထားသင့်တဲ့ အချက်အလက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

— Jungkook ရဲ့ အမည်ရင်းက Jeon Jungkook ဖြစ်ပြီး ၁၉၉၇ စက်တင်ဘာ (၁)ရက်မှာ မွေးဖွားကာ ရာသီခွင်ကတော့ Virgo ဖြစ်ပါတယ်။

— Jungkook ဟာ အသက် (၁၅)နှစ်အရွယ်ဖြစ်တဲ့ ၂၀၁၃ ဇွန်လ (၁၂)ရက်မှာ BTS အဖွဲ့နဲ့ အတူ ပွဲထွက်ခဲ့ပြီး အဖွဲ့ရဲ့ Main Vocalist နဲ့ Lead Dancer ဖြစ်ပါတယ်။

— King of K-pop ဖြစ်တဲ့ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ဟာ Jungkook ရဲ့ Idol ဖြစ်ပြီး G-Dragon ရဲ့ ဖျော်ဖြေမှုကိုကြည့်ပြီး အဆိုတော်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ Jungkook က ဆိုပါတယ်။

— Jungkook ဟာ တကယ်လို့ အဆိုတော်သာ ဖြစ်မလာခဲ့ဘူးဆိုရင် ကြက်တောင်ရိုက်ကစားသမား ဖြစ်ချင်ခဲ့တာပါ။ ကိုရီးယားမီဒီယာတွေကတော့ Jungkook ဟာ စားသောက်ဆိုင်ပိုင်ရှင်နဲ့ တက်တူး Artist ဖြစ်ဖို့ ရည်မှန်းခဲ့ဖူးတယ်လို့ ဖော်ပြပါတယ်။

— Jungkook ဟာ Super K မှာ IU ရဲ့ Lost Child သီချင်းနဲ့ Audition လုပ်ခဲ့ပြီး ကျဆုံးခဲ့ပေမယ့် သူ့ကို JYP အပါအဝင် အေဂျင်စီ (၈)ခုက ကမ်းလှမ်းခဲ့ကာ Jungkook က Big Hit ကို ရွေးချယ်ခဲ့တာပါ။ RM ကို သဘောကျတာကြောင့်လို့ ဆိုပါတယ်။

— Jungkook ဟာ IU ရဲ့ အကြီးစားဖန်ဖြစ်ပြီး သူ ပထမဆုံးဝယ်ယူခဲ့တဲ့ Album ဟာ IU ရဲ့ Album ဖြစ်သလို၊ စိတ်ကူးထဲက ကောင်မလေးပုံစံကို မေးတဲ့အခါမျိုးမှာလည်း IU စီနီယာဆိုပြီး ဖြေတတ်ပါတယ်။

— Jungkook ဟာ အားကစားပေါင်းစုံကို ကစားနိုင်သူဖြစ်သလို၊ ဂိမ်းစ်ကစားရတာနဲ့ Amine ကြည့်ရတာကို နှစ်သက်သူ ဖြစ်ပါတယ်။

— NCT Jaehyun, GOT7 Bambam and Yugyeom, SEVENTEEN Minkyu, DK နဲ့ The8 တို့နဲ့အတူ Jungkook ဟာ 97-line ရဲ့ သူငယ်ချင်းအုပ်စု ပါဝင်သူ ဖြစ်ပါတယ်။

— IU ကို Ideal Type အဖြစ် ပြောလေ့ရှိပေမယ့် Jungkook လိုချင်တဲ့ ကောင်မလေးပုံစံက ထက်မြက်ပြီး အချက်အလက်ကောင်းသူမျိုး သဘောကျတယ်လို့ ဆိုပါတယ်။ ပြီးတော့ သီချင်းဆိုကောင်းပြီး အသားအရေကောင်းသူမျိုးကို နှစ်သက်တယ်လို့လည်း ဆိုပါတယ်။

— Jungkook လိုက်နာကျင့်သုံးတဲ့ ဆောင်ပုဒ်ကတော့ “ရည်မှန်းချက်မရှိဘဲ အသက်ရှင်ရတာထက် သေတာက ပိုကောင်းတယ်”ဆိုတာပါပဲ။

— ချစ်သူရရင် ကောင်မလေးနဲ့ ညဘက် ကမ်းခြေမှာ လမ်းလျှောက်ချင်တာက Jungkook ရဲ့ အကြီးမားဆုံးရည်မှန်းချက်ဖြစ်ပါသတဲ့။

— ဃဲ
Ref: KSZ

You cannot copy content of this page