K pop

■ BTS အဖွဲ့ဝင်တွေ လက်တွဲချင်တဲ့ မိန်းကလေးပုံစံက ဘယ်လိုဖြစ်မလဲ ?

— – – BTS အဖွဲ့ဝင်တွေကိုယ်တိုင်က သူတို့လက်တွဲချင်တဲ့ မိန်းကလေးပုံစံတွေကို အသေးစိတ်ပြောပြထားတာပါ။

BTS အဖွဲ့ဟာ တစ်ခါတုန်းက MBC‘s C-Radio Idol True Colors မှာ ပါဝင်ခဲ့ပါတယ်။ အဲဒီမှာ သူတို့ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မယ့် မိန်းကလေးတွေကို ဘယ်လိုဖြစ်စေချင်သလဲဆိုပြီး မေးမြန်းခဲ့တာပါ။ အဲဒီမေးခွန်းကို BTS အဖွဲ့ဝင်တွေက …

Jin
ကျွန်တော်ကတော့ အိမ်အလုပ်တွေကို ဘယ်လိုအကောင်းဆုံးလုပ်ရမယ်ဆိုတာ သိပြီး ဟင်းချက်ကောင်းတဲ့ ကောင်မလေးကို သဘောကျပါတယ်။

Suga
ကျွန်တော်ကတော့ ဘယ်လိုဖြစ်မယ်ဆိုတာကို သတ်မှတ်မထားပါဘူး။ စတွေ့တဲ့အချိန်မှာ ချစ်စရာကောင်းရင် ရပါပြီ။

J-Hope
ကျွန်တော်အတွက်တော့ Personality က အရေးကြီးပါတယ်။ ရိုးသားပြီး ရုပ်ချောရင် ရပါပြီ။

RM
ကျွန်တော်ကတော့ ကောင်မလေးတွေ ဒေါက်မြင့်ဖိနပ်လေးတွေ ဝတ်ထားရင်ကို အရမ်းချစ်စရာကောင်းတယ်လို့ ထင်ပါတယ်။

Jimin
အရမ်းချစ်ဖို့ကောင်းတဲ့ ကောင်မလေးတွေကို ကျွန်တော် နှစ်သက်ပါတယ်။ တစ်ခါတလေ ပေါကြောင်ကြောင်လေးတွေလုပ်ပြီး ချစ်စရာကောင်းသူမျိုးပေါ့။

V
ကျွန်တော်ကတော့ ထူးခြားတဲ့ မိန်းကလေးမျိုးကို သဘောကျပါတယ်။ ကျွန်တော့်အမေကို အရမ်းချစ်စရာကြောင့် သူ့လို ကျွန်တော့်ကို ဂရုစိုက်မယ့်သူမျိုးကို လိုချင်ပါတယ်။

Jungkook
ကျွန်တော့်ကတော့ အသားဖြူပြီး အရပ်ရှည်ရှည်နဲ့ ကောင်မလေးတွေကို သဘောကျပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page