K pop

■ BTS ရဲ့ Butter ကို အားပေးဝန်းရံခဲ့တဲ့ ဂန္ထဝင်အဖွဲ့ Queen

– – -ဂန္ထဝင်က ဂန္ထဝင်ကို အားပေးဝန်းရံခဲ့တာလို့ ARMY တွေက ဆိုနေကြပြီး….

ကမ္ဘာကျော် K-pop အဖွဲ့ BTS ဟာ Rock သမိုင်းရဲ့ ဂန္ထဝင် Queen အဖွဲ့ထံကနေ အားပေးဝန်းရံမှုကို ရရှိခဲ့တာပါ။

BTS အဖွဲ့ဟာ သူတို့ရဲ့သီချင်းသစ် Butter ရဲ့ Music Video Teaser ကို ဒီနေ့မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ အဲဒီသီချင်းဟာ Retro pop-rock အမျိုးအစားဖြစ်ပြီး Taeser ထဲမှာ အားလုံးက Get it, let it roll! ကို ဆင်တူ ဆိုခဲ့ကြပါတယ်။

BTSအဖွဲ့ဝင်တွေဟာ ၁၉၈၀ ခုနှစ်က Rock စတိုင်ပုံဖမ်းထားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အဲဒီမှာ ပရိသတ်တွေက BTS ရဲ့ Butter ဟာ Queen ရဲ့ နာမည်ကျော်သီချင်း Another One Bites the Dust နဲ့ ဆင်တူနေတာ သတိထားမိခဲ့ပါတယ်။

BTS ဟာ ဝင်ဘလေမှာ ကျင်းပပြုလုပ်ခဲ့တဲ့ LOVE YOURSELF Concert မှာလည်း Queen အဖွဲ့အပေါ် ချစ်ခင်မှုကို ပြသခဲ့ဖူးပါတယ်။ BTS အဖွဲ့ဝင် Jimin ရဲ့ Freddie Mercury ပုံစံမျိုး ပြုမူမူကလည်း ပရိသတ်တွေကြား နာမည်ကျော်ခဲ့တာပါ။

ဒါကြောင့် Butter သီချင်း Taeser ထွက်ရှိပြီးနောက်ပိုင်းမှာ Another One Bites the Dust က စတင် Trend ဖြစ်ခဲ့ပြီး Queen ကလည်း သူတို့ရဲ့ Twitter စာမျက်နှာမှာ “Are you ready hey are you ready for this…” Another One Bites The Dust x #BTS_Butter ဆိုတဲ့စာသားရေးတင်ကာ အားပေးဝန်းရံခဲ့ပါတယ်။

ARMY တွေကတော့ Queen အဖွဲ့ရဲ့ အားပေးဝန်းရံမှုကို ကျေနပ်ခဲ့ကြပြီး မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

-Ref: Koreaboo

You cannot copy content of this page