K pop

■ JYP နဲ့ Rain တို့အကြား စိတ်ဝင်စားဖွယ် တူညီတဲ့အချက်

— – – ဆရာ့ဆီက သင်ယူခဲ့ရတာဆိုတော့လည်း Rain အနေနဲ့ ဒီလိုစိတ်ကူးမျိုးရှိနေတာ …

Rain နဲ့ Park Jin Young (JYP)တို့အကြားမှာ စပါယ်ရှယ်ဆက်ဆံရေး ရှိပါတယ်။ JYP ဟာ Rain ကို ကြည့်ပြီး ဒီကောင်လေးဟာ တကယ်ကိုကျော်ကြားတဲ့ အနုပညာရှင်ဖြစ်လာမယ်လို့ ယုံကြည်ခဲ့သူပါ။

ဆယ်ကျော်သက်ဘဝမှာ Idol ဖြစ်ဖို့ အိပ်မက်ရှိခဲ့တဲ့ Rain ဟာ Audition တွေ တန်းစီဖြေခဲ့ပေမယ့် အကြိမ် (၂၀)တိုင်တိုင် ကျဆုံးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Rain ဟာ JYP Entertainment ရောက်လာခဲ့ပြီး JYP က သူ့ကို အခွင့်အရေးပေးခဲ့တာပါ။

အဲဒီနောက်မှာ Rain ဟာ အဆိုတော်အဖြစ်ရော၊ မင်းသားအဖြစ်ပါ ဟောလီဝုဒ်ကို ခြေချနိုင်တဲ့အထိ အောင်မြင်ခဲ့ပြီး အခုဆို ကိုယ်တိုင်အေဂျင်စီတောင် ထူထောင်တဲ့အဆင့်ဖြစ်သွားပါပြီ။ ဒါပေမဲ့ သူနဲ့ JYP ရဲ့ ဆက်ဆံရေးက ဒီနေ့တိုင် နွေးထွေးတုန်းပါပဲ။

Hangout with Yoo အပိုင်းတစ်ပိုင်းမှာ Lee Hyori ဟာ Rain ရဲ့ အေဂျင်စီက အကခန်းမမှာ မီးချောင်းတွေကို RAIN ဆိုပြီး သူ့အမည်နဲ့ ထိုးထားတာကို စနောက်ခဲ့ပါတယ်။

ဒါပေမဲ့ အကခန်းမမှာ မီးချောင်းတွေကို သူ့အမည်နဲ့ ထွန်းတာ Rain တစ်ယောက်တည်း မဟုတ်ပါဘူး။ JYP Entertainment ရဲ့ အကခန်းမမှာလည်း JYP က သူ့နာမည်အတိုကောက်ဖြစ်တဲ့ JYP ဆိုပြီး မီးတွေကို ထွန်းထားတာဖြစ်ပါတယ်။

ဒါဟာ JYP နဲ့ Rain တို့အကြားက တူညီမှုဖြစ်ပြီး Rain အနေနဲ့ ဆရာဖြစ်သူ JYP လို စိတ်ကူးမျိုးရှိနေတာကတော့ မဆန်းဘူးလို့ အင်တာနက်အသုံးပြုသူတွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page