K pop

■ BLACKPINK အဖွဲ့ဝင်တွေ ရွေးချယ်တဲ့ အဖွဲ့ထဲမှာ တာဝန်အယူဆုံး အဖွဲ့ဝင်က ဘယ်သူများဖြစ်မလဲ

— – – ခေါင်းဆောင်မရှိဘဲ ရပ်တည်နေတဲ့ BLACKPINK အဖွဲ့မှာ အဖွဲ့ဝင်တွေကိုယ်တိုင် ရွေးချယ်ထားတဲ့ တာဝန်အယူဆုံးအဖွဲ့ဝင်ကတော့ …

BLACKPINK အဖွဲ့ဟာ ကျော်ကြားတာနဲ့အမျှ သူတို့ဟာ အဖွဲ့လိုက်ရော၊ တစ်ယောက်ချင်းစီပါ Schedule တွေနဲ့ ပြည့်ကျပ်နေတတ်ပါတယ်။

BLACKPINK အဖွဲ့ဟာ ခေါင်းဆောင် မရှိလို့ အဖွဲ့ဝင်တိုင်းက ကိုယ်စီ ကိုယ်နိုင်ရာ တာဝန်တွေကို ယူကြရပါတယ်။ ဒါပေမဲ့ BLACKPINK အဖွဲ့ဝင်တွေကတော့ အဖွဲ့မှာ တာဝန်အရှိဆုံးနဲ့ တာဝန်အယူတတ်ဆုံးအဖြစ် ရွေးချယ်ထားသူ ရှိပါတယ်။

သူကတော့ တခြားလူ မဟုတ်ပါဘူး။ BLACKPINK အဖွဲ့ဝင်တွေအားလုံးရဲ့ မမ Jisoo ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေက Jisoo ဟာ တာဝန်တွေအားလုံးကို ယူတတ်သူဖြစ်တယ်လို့ တစ်ညီတစ်ညွှတ်တည်း ရွေးချယ်ခဲ့ကြတာပါ။

Rosé က “မမ Jisoo က ကျွန်မတို့ကို အရမ်းဂရုစိုက်ပြီး စောင့်ရှောက်တယ်”လို့ ဆိုပါတယ်။ Lisa က သူမ ကိုရီးယား ပြောတတ်တာ Jisoo ကြောင့်လို့ ဖွင့်ဟဖူးပါတယ်။

Jennie ကတော့ Jisoo ဟာ သူတို့အတွက် အမေတစ်ယောက်လိုဖြစ်ပြီး Jisoo ဟာ အဖွဲ့ဝင်တွေရဲ့ ကျန်းမာရေးနဲ့ ခံစားချက်တွေကို အရမ်းဂရုစိုက်ကာ ကျန်းမာရေးဂရုမစိုက်တဲ့အခါမျိုးမှာ ပွစီပွစီနဲ့ ဆူလေ့ရှိတယ်လို့ ဆိုပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page