K pop

■ မြန်မာနိုင်ငံအတွက် သီချင်းနဲ့တိုက်ပွဲဝင်ခဲ့တဲ့ ကိုရီးယားရောက် မြန်မာဆယ်ကျော်သက် အဆိုတော်မလေး Martha Htoo Wah

—- “ အိမ်ကလေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ ကိုရီးယားရောက် မြန်မာတွေ၊ ပရိသတ်တွေနဲ့ ရင်းနှီးခဲ့တဲ့ ဆယ်ကျော်သက် အဆိုတော်မလေး Martha Htoo Wah ဟာ မတရားစစ်အာဏာသိမ်းမှု ကြောင့် နောက်ဆက်တွဲပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် သီချင်းတစ်ပုဒ် ထုတ်လွှင့်ခဲ့ပါတယ်။

ဆယ်ကျော်သက် အဆိုတော်မလေး Martha Htoo Wah ဟာ “The Spring of Myanmar,” ဆိုတဲ့ သီချင်းကို ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ကိုရီးယားက မြန်မာနိုင်ငံကို ထောက်ခံတဲ့ Campaign တစ်ခုအနေ နဲ့ YouTube channel ‘Grass Whistling Project (풀피리프로젝트),’ မှာ တင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ Musical ပရော့ဂျက်မှာ ပရော်ဖက်ရှင်နယ် Musician အယောက် 40 နီးပါးခန့်ပါဝင်ပြီး အဆိုတော်မလေး Martha Htoo Wah က ကိုရီးယားဘာသာစကားနဲ့ သီချင်းသီဆိုခဲ့တာပါ။

Martha Htoo Wah ဟာ ကိုရီးယားမှာနေထိုင်တဲ့ သူဖြစ်ပြီး သီချင်းအဆိုပါရမီပါသူဖြစ်ကာ KBS ‘National Trot Championships’ ပြိုင်ပွဲဝင် တစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန် အလယ်တန်းကျောင်းသူအဖြစ် ပညာသင်ကြားနေသလို ဖေဖော်ဝါရီလက ပြသခဲ့ဲ့တဲ့ ‘National Trot Championships’ ပြိုင်ပွဲမှာ ကိုရီးယားသီချင်း “Surprise Lily,” သီဆိုမှုမှာ ပရိသတ်တွေရဲ့ အားပေး မှုကို ရခဲ့သူဖြစ်ပါတယ်။

‘Grass Whistling Project (풀피리프로젝트),’ ဟာ နောက်ထပ် “The Spring of Myanmar,” သီချင်းကို English Version ၊ မြန်မာ Version ထပ်ထွက်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page