K pop

■ YouTube Views စံချိန်တစ်ခု တင်ခဲ့ပြန်တဲ့ TWICE

—- TWICE အဖွဲ့ဟာ YouTube Views နဲ့ ပတ်သက်ပြီး စံချိန်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြန်ပါပြီ…

မေလ 15 ရက်နေ့က TWICE အဖွဲ့ရဲ့ Japanese Single “Breakthrough” (2019) ဟာ YouTube Views သန်း 100 ပြည့်သွားခဲ့ပါတယ်။

ဒါကြောင့် TWICE အဖွဲ့ဟာ YouTube Views သန်း 100 ပြည့် သီချင်းအများဆုံးပိုင်ဆိုင်တဲ့ Girl Group အနေနဲ့ စံချိန်တင်ခဲ့တာပါ။ “Breakthrough” သီချင်းဟာ YouTube Views သန်း 100 ပြည့် တဲ့ TWICE အဖွဲ့ရဲ့ (17)ပုဒ်မြောက် သီချင်းဖြစ်ခဲ့တာဖြစ်ပါတယ်။

TWICE အဖွဲ့ဟာ သူတို့ရဲ့ Debut Song “OOH-AHH” (2015) ကနေ စတင်ပြီး “I Can’t Stop Me” (2020) သီချင်းအထိ YouTube Views သန်း 100 ပြည့်တဲ့ ကိုရီးယား သီချင်း (14)ပုဒ်၊ ဂျပန် သီချင်း (3)ပုဒ်ပိုင်ဆိုင်ခဲ့ပြီး စံချိန်တင်ခဲ့တာပါ။

အရင်က YouTube Views သန်း 100 ပြည့် သီချင်းအများဆုံးပိုင်ဆိုင်ထားတဲ့ မိန်းကလေးအဖွဲ့မှာ ဗြိတိန်အမျိုးသမီးအဖွဲ့ Little Mix ဖြစ်ပြီး (16)ပုဒ်နဲ့ စံချိန်တင်ထားတာပါ။ အခုအခါ TWICE အဖွဲ့က (17)ပုဒ်နဲ့ စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။ TWICE အဖွဲ့ဝင်တွေရဲ့ သီချင်းတွေအနက် Views အမြင့် ဆုံး သီချင်းကတော့ “TT” (2016) ဖြစ်ပြီး သန်း 600 နီးပါးရှိပါတယ်။

မကြာခင်မှာလည်း TWICE အဖွဲ့ဟာ 2021 ခုနှစ် Comeback လာမှာဖြစ်ပြီး 10ခုမြောက် Mini Album ဖြစ်တဲ့ “TT” (2016) ကို ဇွန်လ 9ရက် ကိုရီးယားစံတော်ချိန် 6PM မှာ ထုတ်လွှင့်မှာဖြစ်ပါ တယ်။

-m2t
Ref: Allkpop

You cannot copy content of this page