K pop

■ Disband ဖြစ်သွားပြီဖြစ်ကြောင်း လက်စာရေးစာတွေနဲ့ GFRIEND အဖွဲ့ဝင်တွေ အတည်ပြု

— – – ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအတိုင်းပဲ GFRIEND အဖွဲ့ဟာ Disband ဖြစ်သွားခဲ့ပါပြီ …

မေလ (၁၈)ရက်မှာ GFRIEND ရဲ့အေဂျင်စီဖြစ်တဲ့ Source Music က GFRIEND အဖွဲ့နဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာကြောင့် စာချုပ်ထပ်ချုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ အဆင်မပြေလို့ လမ်းခွဲလိုက်ရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက် ထွက်လာပြီးနောက်မှာ GFRIEND အဖွဲ့အနေနဲ့ Disband လုပ်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး အခုတော့ အဲဒီသတင်းတွေ မှန်ကန်ကြောင်း GFRIEND အဖွဲ့ဝင်တွေက အတည်ပြုခဲ့တာပါ။

မေလ (၁၉)ရက်နေ့ ဒေသစံတော်ချိန် ညပိုင်းမှာ GFRIEND အဖွဲ့ဝင်တွေဟာ Weverse မှာ ကိုယ်တိုင်ရေး လက်ရေးစာမူတွေ တင်ခဲ့ကြပြီး အဲဒီမှာ GFRIEND အဖွဲ့ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း၊ သူတို့အနေနဲ့ ကိုယ်ပိုင်လမ်းတွေကို လျှောက်ကြတော့မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

GFRIEND အဖွဲ့ဟာ ၂၀၁၅ ဇန်နဝါရီလ (၁၅)ရက်နေ့မှာ စတင်ပွဲထွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၉)ရက်နေ့မှာ ဖျက်သိမ်းကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

Ref: Soompi

You cannot copy content of this page