K pop

■ အရမ်း Hot ဖြစ်နေပြီး မဖြစ်မနေကြည့်ရမယ့် Kingdom က iKON နဲ့ Stray Kids တို့ရဲ့ BLACKPINK Cover ဖျော်ဖြေမှု

— – – iKON နဲ့အတူ BLACKPINK အဖွဲ့ဝင် Lisa ဖျော်ဖြေသွားပုံကလည်း So Hot …

မေလ (၂၀)ရက်နေ့ ထုတ်လွှင့်ခဲ့တဲ့ Kingdom ရဲ့ “No Limit” performances ဖျော်ဖြေမှုတွေထဲတွေမှာ BLACKPINK အဖွဲ့ရဲ့ သီချင်းတွေကို Cover လုပ် ဖျော်ဖြေခဲ့တဲ့ iKON နဲ့ Stray Kids အဖွဲ့တို့ရဲ့ ဖျော်ဖြေမှုတွေက ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးနေပါတယ်။

iKON အဖွဲ့က BLACKPINK အဖွဲ့ရဲ့ Pretty Savage သီချင်းကို CLASSY SAVAGE ဆိုပြီး အသွင်အနည်းပြောင်းကာ ဖျော်ဖြေသွားခဲ့ပြီး အဲဒီဖျော်ဖြေမှုမှာ Lisa ကို အသွင်သစ်နဲ့ အလန်းစားမြင်တွေ့ရမှာပါ။

Stray Kids အဖွဲ့ကတော့ BLACKPINK အဖွဲ့ရဲ့ “DDU-DU DDU-DU” သီချင်းကို သူတို့ရဲ့ နာမည်ကျော် “God’s Menu” သီချင်းနဲ့ ပေါင်းစပ်ပြီး အကောင်းဆုံး ဖျော်ဖြေသွားခဲ့တာပါ။

ပရိသတ်တွေကတော့ iKON နဲ့ Stray Kids အဖွဲ့တွေရဲ့ ဖျော်ဖြေမှုတွေကို အရမ်းသဘောကျနေကြပြီး iKON ရဲ့ ဖျော်ဖြေမှုကတော့ အရမ်းကို ကောင်းလွန်းတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Ref: Soompi

You cannot copy content of this page