— – – Dynamite ရဲ့ (၉)လကျော်ကြာတဲ့ စံချိန်ကို ….
BTS အဖွဲ့ဟာ သူတို့ရဲ့ အင်္ဂလိပ်စာသားချည်းပါဝင်တဲ့ Butter ဆိုတဲ့ MV ကို ဒီနေ့ နေ့လယ်က You Tube မှာ လွှင့်တင်ခဲ့ပြီး ထုံးစံအတိုင်းပဲ ပရိသတ်တွေ အားပေးမှုကို ရရှိခဲ့ပါတယ်။
BTS ရဲ့ Butter ဟာ You Tube မှာ တင်ပြီး (၁၃)မိနစ်အကြာမှာပဲ လွန်ခဲ့တဲ့ (၉)လကျော်က BTS အဖွဲ့ရဲ့ Hit သီချင်းဖြစ်တဲ့ Dynamite သီချင်းရဲ့ စံချိန်ကို ကျော်ခဲ့ပါတယ်။
Butter ဟာ You Tube မှာ တင်ပြီး (၁၃)မိနစ်အကြာမှာ Views (၁၀)သန်းကျော်ခဲ့တာကြောင့် အရင် (၂၁)မိနစ်နဲ့ You Tube Views (၁၀)သန်း အမြန်ဆုံးစံချိန်တင်ထားခဲ့တဲ့ Dynamite သီချင်းရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါ။
BTS ရဲ့ Butter သီချင်းဟာ ထုတ်လွှင့်ပြီး (၅)နာရီကျော်ကြာပြီးနောက်မှာ You Tube Views (၄၃)သန်း ကျော်သွားခဲ့ပြီဖြစ်ပြီး Like ကလည်း (၄.၇)သန်းနီးပါး ရရှိနေပြီဖြစ်ပါတယ်။
BTS ရဲ့ Butter သီချင်းကို အောက်က ဗီဒီယိုမှာ ခံစားနိုင်ပါတယ်။
Ref: WMA