K pop

■ Type မတူလို့ အမြင်မကြည့်ခဲ့ရာကနေ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာကြတဲ့ Red Velvet အဖွဲ့ဝင်နှစ်ဦး

– – -တစ်ချိန်တုန်းကတော့ သူတို့ဟာ Type မတူလို့ တစ်ယောက်နဲ့ တစ်ယောက် အမြင်တွေစောင်းခဲ့ကြပါတယ်။ ဒါပေမဲ့…..

Showterview with Jessi ရဲ့ အပိုင်းတစ်ပိုင်းမှာတော့  Red Velvet အဖွဲ့ဝင် Joy က လာရောက်ပြီး သူမအနေနဲ့ သူငယ်ချင်းပေါများတဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။

အဲဒီအစီအစဉ်မှာ ပါဝင်တင်ဆက်သူတစ်ဦးဖြစ်တဲ့ MC Jo Jung Shik ကတော့ SM မှာအချစ်ဆုံးသူငယ်ချင်းက ဘယ်သူလဲဆိုပြီး Joy ကို မေးခဲ့ပါတယ်။ Joy ဟာ Red Velvet အဖွဲ့ဝင်တွေနဲ့ ရင်းနှီးရုံမက Tiffany တို့လို SM ရဲ့စီနီယာတွေလည်း ရင်းနှီးသူပါ။

Joy ရဲ့အဖြေကတော့ တခြားမဟုတ်ဘဲ Red Velvet အဖွဲ့ဝင် Wendy ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ တစ်ချိန်တုန်းကတော့ Joy နဲ့ Wendy တို့အကြား ရာဇဝင်လေးတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းတုန်းက Wendy နဲ့သူမဟာ တစ်ယောက်နဲ့တစ်ယောက် Type မတူတဲ့အတွက် နားလည်မှု လွဲခဲ့ကြကြောင်း၊ Wendy ဟာ အများကြီးမေးလေ့ရှိပြီး သက်သောင့်သက်သာ မရှိကြောင်း Joy က ဆိုခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ သူမတို့ဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်လာခဲ့ပြီး အချစ်ဆုံး သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ Wendy ဟာ အကောင်းဆုံးအတိုင်ပင်ဖော်ဖြစ်တယ်လို့လည်း Joy က ဖွင့်ဟခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page