K pop

■ Butter ကို BTS ဘာလို့ အင်္ဂလိပ်စာသားနဲ့ ထုတ်တာလဲ

– – -BTS ရဲ့ သီချင်းသစ် Butter ကိုတော့ ထုတ်ဝေခဲ့ပြီဖြစ်ပါတယ်။ အဲဒီသီချင်းဟာ BTS ရဲ့ ဒုတိယမြောက် အင်္ဂလိပ်သီချင်းဖြစ်ခဲ့ပြီး…

BTS အဖွဲ့ဟာ မေလ (၂၁) ရက်နေ့တုန်းက သူတု့ိရဲ့သီချင်းသစ် Butter ကို ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

ဒီသီချင်းဟာ Dynamite ပြီးနောက် BTS ရဲ့ ဒုတိယမြောက် အင်္ဂလိပ်သီချင်းဖြစ်ခဲ့ပြီး ဒီသီချင်းနဲ့ ပတ်သက်လို့ BTS အဖွဲ့ဝင်တွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

အခုလို အင်္ဂလိပ်စာသားနဲ့ ထုတ်ဝေရတာ Grammy ဆုအတွက်ဖြစ်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပြီး ဒီကိစ္စအပေါ် BTS အဖွဲ့ဝင် Suga က ရိုးသားစွာ ဝန်ခံခဲ့ပါတယ်။

Suga က “ကျွန်တော်တို့ လိမ်ညာပြီး မပြောလိုပါဘူး။ Grammy ဆုကိုရဖို့ မျှော်လင့်နေဆဲပါ။ ကျွန်တော်တို့အနေနဲ့ Butter နဲ့ ထပ်စိန်ခေါ်ခဲ့တာပါ။ ဒီတစ်ခေါက ်ရလဒ်ကောင်းဖို့ မျှော်လင့်ရပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

အဖွဲ့ခေါင်းဆောင် RM ကလည်း သူတို့အနေနဲ့ Grammy ဆုအကြောင်း တွေးထားကြောင်း၊ အကောင်းဆုံး အရည်အသွေးတွေနဲ့ စိန်ခေါ်သွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page