K pop

■ “On The Ground” နဲ့ “Gone” တို့ကို အသံသွင်းဖို့ ကြာချိန်က ဒီလောက်ပဲ ရှိခဲ့ပါတယ်တဲ့

– – – Rose’ သူမရဲ့ Solo သီချင်းနှစ်ပုဒ်ကို လျှုပ်စစ်လို အမြန်နှုန်းနဲ့….

BLACKPINK အဖွဲ့ဝင် Rose’ ဟာ သူမရဲ့ Youtube Channel မှာ Solo သီချင်းတွေဖြစ်တဲ့ On The Ground နဲ့ Gone သီချင်းတို့အကြောင်းကို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ Rose’ ဟာ သူမရဲ့ Solo သီချင်းတွေအတွက် ပထမဆုံး အသံစသွင်းတုန်းက အချိန်ဘယ်လောက်ကြာသလဲ ဆိုတာ အမေးခံခဲ့ရပါတယ်။ On The Ground သီချင်းအတွက် တစ်ရက်သာ ကြာမြင့်ခဲ့တယ်လို့ Rose’ က အံ့အားသင့်ဖွယ် ဖွင့်ဟခဲ့ပါတယ်။

“On The Ground ကို ပထမဆုံး အသံစသွင်းတော့ အဓိက သီချင်းအတွက် တစ်ရက်ပဲ ကြာခဲ့တာပါ။ နောက်တော့မှ Chorus တွေထည့်ဖြည့်လိုက်တာ”လို့ Rose’ က ဖွင့်ဟခဲ့ပါတယ်။

Rose’ က သူမအနေနဲ့ သီချင်းကို ပိုကောင်းအောင် ဖန်တီးဖို့ စတူဒီယိုကို အကြိမ်ပေါင်းများစွာ သွားခဲ့ပေမဲ့ အဆုံးသတ်သီချင်းကို သိပ်ကြာကြာ အချိန်မယူလိုက်ရဘူးလို့ ဆိုပါတယ်။

Gone သီချင်းကိုတော့ သူမအနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အသံသွင်းထားတာဖြစ်ကြောင်း၊ ဒီသီချင်းကို သူမအနေနဲ့ ကြိုက်နှစ်သက်မှုရှိကြောင်း Rose’ က ထုတ်ဖော်ခဲ့ပါတယ်။ Gone သီချင်းကိုလည်း On The Ground လို တစ်ရက်တည်းနဲ့ အသံသွင်းခဲ့တာလို့ Rose’ က ဆိုခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page