K pop

■ “Kingdom” က အမိုက်လန်းစားဖျော်ဖြေမှုကြောင့် Twitter မှာ Worldwide Trend နံပါတ်တစ် ဖြစ်ခဲ့တဲ့ Lisa

– – -Lisa နဲ့ iKON တို့ရဲ့ Collab က လုံးဝအမိုက်စား၊ အလန်းစားဖြစ်ခဲ့ပြီး….

Mnet က ထုတ်လွှင့်တဲ့ Kingdom: Legendary War အစီအစဉ်မှာ BLACKPINK အဖွဲ့ဝင် Lisa နဲ့ iKON တို့ရဲ့ ပူးပေါင်းဖျော်ဖြေမှုက ပရိသတ်ကို လုံးဝဖမ်းစားနိုင်ခဲ့တာပါ။

နောက်ဆုံးအပိုင်းမှာ YG Entertainment က အနုပညာရှင်တွေဟာ BLACKPINK ရဲ့ Pretty Savage ကို remix လုပ်ကာCollab တင်ဆက်ခဲ့ကြတာပါ။

အဲဒီမှာ သူတို့ရဲ့ ဖျော်ဖြေမှုက လုံးဝရင်သပ်ရှုမောဖွယ်ကောင်းခဲ့ပြီး #iKONxLISAonKINGDOM ဆိုတဲ့ Hashtag က Twitter မှာ Worldwide Trend အနေနဲ့ နံပါတ်တစ်နေရာမှာ ရှိခဲ့ပါတယ်။

Tweet ပေါင်း (၁.၇) သန်းအထိ ရှိခဲ့ပြီး အားလုံးက သူတို့ရဲ့ အလန်းစား Collab ကို ချီးကျူးခဲ့ကြပါတယ်။ ဒါကြောင့် Lisa ရဲ့ဖျော်ဖြေမှုက တကယ့်ကို အံ့မခန်းလို့ ဆိုရမှာပါ။

-Ref: Koreaboo

You cannot copy content of this page