K pop

■ TWICE သီချင်းတွေထဲမှာ JYP အကြိုက်ဆုံးသီချင်း

– – – TWICE အဖွဲ့ကို မွေးထုတ်ပေးထားတဲ့ JYP က TWICE သီချင်းတွေထဲမှာ အကြိုက်ဆုံးသီချင်းက ဘာများ ဖြစ်မလဲ …

JYP Entertainment ရဲ့ CEO ဖြစ်သူ JYP လို့ လူသိများတဲ့ Park Jinyoung တစ်ယောက် Knowing Bros အစီအစဉ်မှာ TWICE အဖွဲ့ဝင်တွေဖြစ်တဲ့ Nayeon, Dahyun တို့နဲ့ အတူ ပါဝင်ခဲ့တာကို ပရိသတ်တွေအားလုံး သိပြီးသားဖြစ်မှာပါ။

အဲဒီအစီအစဉ်မှာ သူတို့ (၃)ဦးကြောင့် Knowing Bros အဖွဲ့သားတွေရော ကြည့်ရှုသူတွေပါ အားလုံး ခွီခဲ့ရပါတယ်။ အဲဒီမှာ Nayeon က JYP ကို “TWICE သီချင်းတွေမှာ CEO အကြိုက်ဆုံးသီချင်းက ဘာလဲ။ ဘာကြောင့် ကြိုက်တာလဲ”ဆိုပြီး မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းကို လေးနက်စေချင်လို့ Dahyun က “တကယ်ခံစားချက်ကို ဖြေပေးပါ”ဆိုပြီး ထပ်ပြောခဲ့ပါတယ်။ အဲဒီအခါ JYP က TWICE သီချင်းတွေမှာ သူအကြိုက်ဆုံးအဖြစ် Feel Special ကို ရွေးချယ်ခဲ့ပါတယ်။

“မင်းတို့ရဲ့ သီချင်းတွေက အားပေးတဲ့ သီချင်းတွေဖြစ်ပြီး မင်းတို့နဲ့ အရမ်းလိုက်ပါတယ်။ ဒါပေမဲ့ ငါ မင်းတို့သီချင်းတွေ နားထောင်လိုက်တိုင်း ပိုပြီးခံစားချက်ကို ထိတဲ့သီချင်းက Feel Special ပါပဲ။ အဲဒီသီချင်းကလည်း အားပေးတဲ့ သီချင်းဖြစ်ပေမယ့် ခံစားချက်ပါတယ်။ မင်းတို့ရော ဘယ်လိုခံစားရလဲ”- JYP

JYP ရဲ့ အပြောကို Nayeon က သဘောတူခဲ့ပြီး “ဟုတ်ပါတယ်။ ကျွန်မတို့ အဖွဲ့ဝင်တွေအားလုံး အဲဒီသီချင်းကို အရမ်းကြိုက်ကြတယ်”လို့ ပြန်ဖြေခဲ့ပါတယ်။

— ဃဲ
Ref: KStarLive

You cannot copy content of this page