K pop

■ ယိမ်းယိုင်ခြင်း၊ ပြောင်းလဲခြင်း မရှိတဲ့ EXO ရဲ့ ကျော်ကြားမှု

– – – ဒီနေ့ခေတ် ဆယ်ကျော်သက်တွေဟာ အရင်ကလိုပဲ နှစ်စဉ်နှစ်တိုင်း EXOL ဖြစ်လာနေတုန်းပါပဲ …

၂၀၁၂ ခုနှစ်မှာ ပွဲထွက်ပြီးကတည်းက ဆယ်ကျော်ကောင်မလေးတွေရဲ့ နှလုံးသားကို ညှို့ငင်ဖမ်းစားနိုင်ခဲ့တဲ့ EXO အဖွဲ့ ကျော်ကြားမှုနဲ့ လွှမ်းမိုးမှုဟာ (10)နှစ်ကျော်ရှိခဲ့ပြီဖြစ်ပေမယ့် ယိမ်းယိုင်သွားခြင်း၊ ပြောင်းလဲသွားခြင်း မရှိသေးပါဘူး။

EXO အဖွဲ့ဟာ သူတို့ရဲ့ ဂီတ၊ သူတို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ကကွက်၊ Handsome ဖြစ်တဲ့ ရုပ်ရည်နဲ့ ချစ်စဖွယ် Personality စတဲ့ အချက်တွေ၊ ပါရမီတွေနဲ့ ဆယ်ကျော်သစ် ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။

EXO အဖွဲ့ရဲ့ သီချင်းတွေကို နားဆင်ကြတဲ့ ပရိသတ်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် အခုလို တွေ့ရမှာပါ။
အမျိုးသမီး – ၉၀ ရာခိုင်နှုန်း
အမျိုးသား – ၁၀ ရာခိုင်နှုန်း
အသက် ၂၀ ကျော်အရွယ် – ၃၉ ရာခိုင်နှုန်း
ဆယ်ကျော်သက်အရွယ် – ၃၉ ရာခိုင်နှုန်း

EXO အဖွဲ့ရဲ့ ပရိသတ်တွေကို ကြည့်မယ်ဆိုရင် လူငယ်အများစု ဖြစ်တာကြောင့် သူတို့ဟာ EXO အဖွဲ့ကို နှစ်ပေါင်းများစွာ အားပေးနိုင်ဦးမှာ ဖြစ်ပြီး သူတို့ရဲ့ ပါရမီနဲ့ ဆွဲဆောင်မှုတွေက ဆယ်ကျော်သက်အပေါ် လွှမ်းမိုးတာ ဆန်းတဲ့အရာ မဟုတ်ဘူးလို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

– ဃဲ
Ref: Koreaboo

You cannot copy content of this page