K pop

■ EXO-L တွေရဲ့ ပေးစာတွေကို Baekhyun ဖတ်သလား

– – – Baekhyun ရဲ့ ချစ်စရာကောင်းတဲ့ အပိုင်းအစတွေကို ဒီမှာ မြင်တွေ့ရမှာ ….

Baekhyun တို့နဲ့ လေယာဉ်တစ်စီးတည်း စီးလာတဲ့ ပရိသတ်တစ်ယောက်က Baekhyun အကြောင်းကို ဖောက်သည်ချခဲ့တာပါ။

Baekhyun နဲ့ လေယာဉ်တစ်စီးတည်း စီးလာတဲ့ ပရိသတ်က “EXO အဖွဲ့ဝင် မှန်းတော့ သိတယ်။ ဒါပေမဲ့ သူ ဘယ်သူလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး။ သူ့ရဲ့ဆံပင်က အဖြူရောင်ဆိုးထားပြီး Mask ဝတ်ထားတယ်ဗျာ။ သူက Asiana airlines ရဲ့ business class ရှေ့ဆုံးတန်းမှာ ထိုင်နေတာပါ။ သူဟာ ပရိသတ်တွေဆီက သူ့ကို ပေးထားတဲ့ စာတွေကို တစ်ခုချင်းစီ လိုက်ဖတ်နေတာကို ကျွန်တော် မြင်ခဲ့ရပါတယ်။ ကျွန်တော်က Cele တွေဟာ ပရိသတ်တွေရဲ့ ပေးစာတွေကို မဖတ်ဘဲ လွှင့်ပစ်လေ့ရှိတယ်လို့ ထင်ထားခဲ့တာပါ။ သူ့ရဲ့ လုပ်ရပ်ကိုတော့ ကျွန်တော် လေးစားပါတယ်”ဆိုပြီး အင်တာနက်မှာ ရေးတင်ခဲ့ပါတယ်။

အဲဒီပရိသတ်ရေးတဲ့ ဆံပင်အဖြူနဲ့ Mask ဝတ်ထားတဲ့ Cele က တခြားလူတော့ မဟုတ်ပါဘူး။ EXO အဖွဲ့ဝင် Baekhyun ပဲ ဖြစ်ပါတယ်။

Baekhyun ဟာ အင်ချွန်းလေဆိပ်ကို ရောက်တဲ့အချိန်မှာလည်း သူ့ရဲ့လက်မှာ စာအိတ်တွေ ကိုင်ထားကို မြင်တွေ့ခဲ့ရပါတယ်။ Baekhyun အနေနဲ့ EXO-L တွေရဲ့ ပေးစာတွေကို အခုလို အမြတ်တနိုးဖတ်တဲ့အတွက် သူရဲ့နှလုံးသားဖြူစင်မှုနဲ့ ပရိသတ်အပေါ် အလေးထားမှုတွေကို EXO-L တွေက ချီးကျူးခဲ့ကြပါတယ်။

– ဃဲ
Ref: KStarLive

You cannot copy content of this page