Celebrity

■ မောင်လေး Hee Chul … ACE မမကို မင်း ဘယ်လှန်နိုင်မလဲ

– – – Hee Chul က ကျွန်တော် ဘယ်တုန်းက အဲလိုပြောခဲ့လို့လဲ ဆိုပြီး ငြင်းတဲ့အချိန်မှာ Song Ji-hyo က …

ပရိသတ်အချစ်တော် မင်းသမီး Song Ji-hyo က Hee Chul နဲ့ Momo တို့ ဒိတ်နေကြောင်း အတည်ပြုပြီးနောက်မှာ Momo နဲ့ ပတ်သက်ပြီး Hee Chul ပြောခဲ့တဲ့ စကားကို Knowing Bros မှာ ဖွင့်ချခဲ့ပါတယ်။ Song Ji-hyo က Knowing Bros အပိုင်းတစ်ခုမှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့စဉ်က အဲဒီအကြောင်းကို ပြောခဲ့တာပါ။

Hee Chul က Song Ji-hyo နဲ့ သူဟာ အလွန်ရင်းနှီးတဲ့သူငယ်ချင်းတွေ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သူတို့ဟာ အကောင်းတွေကိုရော၊ အဆိုးတွေကို တိုင်ပင်လေ့ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီအခါ Song Ji-hyo က “Hee Chul နဲ့ Momo တို့ရဲ့တွဲနေတယ်ဆိုတဲ့ သတင်းကြားပြီးနောက်မှာ ကျွန်မ Hee Chul အတွက် ဝမ်းသာတာကြောင့် ဂုဏ်ယူပါတယ် မောင်လေး ဆိုပြီး Hee Chul ဆီကို စာပို့ခဲ့ပါတယ်။ သူ့ဆီက Reply ပြန်ရတော့ ကျွန်မ အတော်လေး အထင်ကြီးသွားတယ်။ သူက ကျေးဇူးတင်ပါတယ် မမ။ Momo က မိန်းမကောင်း၊ မိန်းမမြတ်လေးပါဆိုပြီး ကျွန်မဆီကို စာပြန်ခဲ့တာပါ”လို့ ဆိုပါတယ်။

Song Ji-hyo ရဲ့ စကားကို ကြားပြီးနောက် ရှက်သွားတဲ့ Hee Chul က “ကျွန်တော် ဘယ်တုန်းက အဲဒီလို ပြောလို့လဲ”ဆိုပြီး ရှက်ရှက်နဲ့ ပြန်မေးခဲ့ပါတယ်။ အဲဒီအခါ Song Ji-hyo က နောက်ပြောင်ပြီး “ငါ့ဖုန်း ဒီမှာ ရှိတယ်နော်။ နင် သိတယ်မလား”ဆိုပြီး ပြောဆိုခဲ့ရာမှာတော့ တခြားလူတွေ အားလုံး ရယ်မောခဲ့ကြသလို၊ Hee Chul လည်း ရှက်ရှက်နဲ့ ဝင်ရယ်ခဲ့တာပါ။

– ဃဲ
Ref: SBS Star

You cannot copy content of this page