K pop

■ Visual ကြောင့် သရုပ်ဆောင်ဖြစ်ဖို့ မွေးဖွားလာသူတွေလို့ သတ်မှတ်ခံရတဲ့ Idol (၅)ဦး

– – – ပရိသတ်တွေကတော့ သူတို့ရဲ့ Visual ကြောင့် သရုပ်ဆောင်(မင်းသား/မင်းသမီး) ဖြစ်ဖို့ ထိုက်တန်တယ်လို့ ညွှန်းဆိုကြပါတယ်။

K-pop Idol တွေရဲ့ ရုပ်ရည်ချောမောကို အားလုံးသိပြီးသားပါ။ တချို့တွေက ထိပ်တန်းမင်းသား၊ မင်းသမီးတွေထက်တောင် ချောကြပါသေးတယ်။ သူတို့ (၅)ဦးကိုတော့ ပရိသတ်တွေက သရုပ်ဆောင်လုပ်ဖို့ မေးဖွားလာသူတွေလို့ တင်စားကြပါတယ်။

Jisoo


BLACKPINK အဖွဲ့ရဲ့ Visual ပါ။ ကျက်သရေရှိတယ်၊ မိန်းကလေးဆန်ဆန် လှတယ်၊ ဒါတွေက Jisoo ပိုင်ဆိုင်ထားတဲ့ အလှတရားတွေ ဖြစ်တယ်။ Jisoo အနေနဲ့ ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေမှာ အလှမယ်အဖြစ် သရုပ်ဆောင်ရင် အရမ်းလိုက်ဖက်မယ်လို့ ဆိုကြပါတယ်။

Jin


Jin က BTS အဖွဲ့ရဲ့ Visual ဖြစ်သလို၊ သူ့ရဲ့ မူလအိပ်မက်ကလည်း သရုပ်ဆောင်ဖြစ်ဖို့ပါ။ ကံကြမ္မာက Jin ကို တခြား လမ်းကြောင်းတစ်ခုကို တွန်းပို့လိုက်ပါတယ်။ ဒါပေမဲ့ Jin ဟာ အခုလည်း K-pop ထိပ်တန်းအဖွဲ့တွေထဲ တစ်ဖွဲ့ဖြစ်တဲ့ BTS နဲ့အတူ အရမ်းကို အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်နေပါပြီ။

Seongwoo


Seongwoo က ဦးဆောင်မင်းသားအဖြစ် ပွဲထွက်ပြီးပါပြီ။ သူ ဘာလို့ မင်းသားဖြစ်လဲဆိုတာ အဖြေက လွယ်လွယ်လေးပါ။ သူရဲ့ ယောကျ်ားပီသတဲ့ ဆွဲဆောင်မှုက Seongwoo ကို ဇာတ်လမ်းတွဲတွေမှာ ဇာတ်ကားတွေက ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ဖို့ အထောက်အကူဖြစ်စေလို့ပါပဲ။

Miyeon


(G)I-DLE အဖွဲ့ဝင် Miyeon ကတော့ ရင့်ကျက်တဲ့ အလှ၊ ကျက်သရေရှိတဲ့ အထက်တန်းလွှာ အလှမျိုးကို ပိုင်ဆိုင်ထားသူပါ။ Miyeon ရဲ့ Visual က ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေမှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်ဖြစ်ဖို့ လုံလောက်မှုအပြည့် ရှိပါတယ်။

Jin-young


GOT7 အဖွဲ့ဝင် Jin-young က အဆိုတော်၊ မင်းသား ဖြစ်ပါတယ်။ သူဟာ ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲ တော်တော်များများ ရိုက်ကူးပြီးပါပြီ။ သူ့ရဲ့ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် Visual ပရိသတ်တွေကို ဆွဲဆောင်နိုင်စွမ်း အပြည့်ရှိနေတာပါ။

– ဃဲ
Ref: Koreaboo

You cannot copy content of this page