K pop

■ Taeyang နဲ့ သူ့မမရဲ့ အချစ်ဇာတ်လမ်းက ဒီလို

– – – Taeyang နဲ့ Min Hyo Rin တို့ရဲ့ အချစ်ဇာတ်လမ်းကို စပေးခဲ့သူက G-Dragon တဲ့။ G-Dragon က ဘယ်လို အခန်းကဏ္ဍကများ ပါဝင်သလဲဆိုတာတော့ …

BIGBANG အဖွဲ့ဝင် Taeyang နဲ့ Min Hyo Rin တို့အတွဲဟာ ကိုရီးယားမှာ လူနည်းစု celebrity couple တွေထဲ တစ်တွဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အချစ်ဇာတ်လမ်းက နည်းနည်းထူးဆန်းတယ်ဗျာ။

သူတို့ရဲ့ ဇာတ်လမ်းကို တိုတိုလေးပဲ ပြောရအောင်ပါ။ ဒီဇာတ်လမ်းရဲ့ အဓိကပဲ့ကိုင်ရှင်ဟာ တခြားလူ မဟုတ်ပါဘူး။ Taeyang ရဲ့ အချစ်ဆုံးဘော်ဒါကြီးဖြစ်တဲ့ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ဖြစ်ပါတယ်။

Taeyang Solo Album ထုတ်ချိန်မှာ 1AM (၂၀၁၄) ဆိုတဲ့ သီချင်းမှာ သရုပ်ဆောင်ဖို့ အမျိုးသမီးသရုပ်ဆောင်တစ်ဦးကို ရှာဖွေခဲ့ပါတယ်။ အဲဒီမှာ G-Dragon က သူ့သူငယ်ချင်းရဲ့ အသိဖြစ်တဲ့ Min Hyo Rin ကို Taeyang အတွက် ဆက်သွယ်ပေးခဲ့တာပါ။

1AM သီချင်းမှာ အတူသရုပ်ဆောင်ရင်း Taeyang နဲ့ Min Hyo Rin တို့ဟာ တစ်ဦးနဲ့ တစ်ဦး စုံမက်ခဲ့ကြပြီး အဲဒီနှစ်မှာပဲ သူတို့ နှစ်ယောက်စတွဲခဲ့ကြပါတယ်။ အဲဒီနောက်မှာ Taeyang က သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို လူသိရှင်ကြားကြေညာခဲ့သလို၊ သူ့မမ Min Hyo Rin ဆီကို အချစ်စာတွေပေး၊ ဒါနဲ့ အားမရတော့ “Eyes, Nose, Lips” သီချင်းကို Min Hyo Rin အတွက် ကိုယ်တိုင်ရေးစပ်ပြီး သီဆိုခဲ့ပါတယ်။

အဲဒီနောက် Taeyang ဟာ အချိန်ဆွဲမနေနဲ့ စစ်မှုမထမ်းခင် ၂၀၁၈ မှာ Min Hyo Rin ကို လက်ထပ်ယူခဲ့ပါတယ်။ ချစ်သူသက်တမ်း (၄)နှစ်အကြာမှာ လက်ထပ်ခဲ့တာ ဖြစ်ပြီး အခုတော့ သူတို့ဟာ သာယာတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားနိုင်ပြီဖြစ်ပါတယ်။

– ဃဲ
Ref: Koreaboo

You cannot copy content of this page