K pop

■ ကိတ်ပါတယ်ဆိုတဲ့ အမျိုးသား K-pop Idol များ (၂)

– – – ကဲ … ကျုပ်တို့ ယွကျားတွေပဲ ကိတ်တာကို ကြိုက်တာ မဟုတ်ဘူး။ ခင်ဗျားတို့လည်း ကိတ်တာကို ကြိုက်တယ် မဟုတ်လား … မညာစမ်းပါနဲ့ …

အကိတ်တွေအကြောင်း ပြောရအောင်ပါ။ K-pop Idol တွေ အကြောင်း ပြောတဲ့အခါ သူတို့ရဲ့ ချောမောပြေပြစ်တဲ့ ရုပ်ရည်၊ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အကြောင်းတွေကိုလည်း မပါမဖြစ်ပါပဲ။ နောက်တစ်ဆင့်ကတော့ အကိတ်ပေါ့နော်။ ဒီ အမျိုးသား Idol တွေက အကိတ်ဘုရင်တွေပေါ့ဗျာ။

SHINee Minho


SHINee အဖွဲ့ဝင် Minho ဟာ ဆွဲဆောင်မှုရှိတဲ့ နောက်ပိုင်းအလှကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ဒါကို ထုတ်ကြွားဖို့လည်း ဝန်လေးတတ်သူ မဟုတ်ပါဘူး။ ရက်ရက်ရောရောပါပဲ။

BIGBANG Daesung


BIGBANG အဖွဲ့ထဲမှာတော့ T.O.P က Daesung နဲ့ နောက်ပိုင်းအလှကို မြင်တတ်သူဖြစ်ပြီး မြင်တိုင်းလည်း ကိုင်လိုက်ရမှာ ကျေနပ်ပါသတဲ့။

2PM Junho


2PM အဖွဲ့ဝင် Junho ကလည်း K-pop လောကမှာ ဒီအပိုင်းနဲ့ ပတ်သက်ပြီး နာမည်ကြီးသူပါ။ ပုံကိုသာ ကြည့်လိုက်ပါ။

JYJ Junsu


Junsu ရဲ့ နာမည်ပြောင်က duck butt (오리엉덩이) ပါတဲ့။ ဂျပန်ကောင်မလေး သိပ်ချစ်ဆိုပဲဗျာ။

BTS Jimin


BTS အဖွဲ့ဝင် Jimin က all-star super butt ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ARMY တွေသာမက V က သိပ်သဘောကျတယ်လို့ ဆိုပါတယ်။

– ဃဲ
Ref: Koreaboo

You cannot copy content of this page