K pop

■ Master’s Degrees ရထားတဲ့ BIGBANG အဖွဲ့ဝင်များ

– – – K-pop Idol ဖြစ်ဖို့ ငယ်ငယ်ကတည်းက လေ့ကျင့်ရတာဖြစ်လို့ ပညာရေးပျက်ကွက်တာတွေ ရှိပါတယ်။ BIGBANG အဖွဲ့မှာ Master’s Degrees ရထားသူတွေ ရှိပါတယ်။ ဘယ်သူတွေလဲဆိုတာကိုတော့ …

King of K-pop လို့ တင်စားကြတဲ့ BIGBANG အဖွဲ့ဟာ ကမ္ဘာကျော်အဖွဲ့တစ်ဖွဲ့ဖြစ်သလို၊ လက်ရှိ K-pop Trend ကို ချပြခဲ့သူတွေလို့လည်း ကျွမ်းကျင်သူတွေအားလုံးက လက်ခံထားပါတယ်။ ဒါပေမဲ့ BIGBANG အဖွဲ့ဝင်တွေဟာ ပညာရေးမှာလည်း မလစ်ဟင်းဘဲ Master’s Degrees ရထားသူတွေ ရှိပါတယ်။

T.O.P (Master’s Degree in Theater and Film)


T.O.P (အမည်ရင်း Choi Seung-hyun)ဟာ နာမည်နဲ့ လိုက်အောင်ကို Top ဖြစ်သူပါ။ ချောမောတဲ့ ရုပ်ရည်၊ ရူးသွပ်စေတဲ့ Rap ရွတ်မှု ဒါတွေအပြင် Dankook University ကနေ Theater and Film ပညာရပ်မှာ Master’s Degree ရထားတာ ဖြစ်ပါတယ်။ သူဟာ အောင်မြင်တဲ့ ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးခဲ့တဲ့ မင်းသားတစ်လက်ပါ။

Taeyang (Master’s Degree in Producing Performances and Images)


ငယ်စဉ်က ဆင်းရဲတာကြောင့် အတန်းပညာကို လက်လွှတ်ခဲ့ရပေမယ့် Taeyang ဟာ အောင်မြင်လာချိန်မှာ ပညာရေးကိုလည်း ပြန်လည်လိုက်စားခဲ့ပါတယ်။ သူ့ရဲ့ဘဝနဲ့ ကိုက်ညီတဲ့ ဘာသာရပ်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး Taeyang ဟာ Daejin University ကနေ Producing Performances and Images ပညာရပ်မှာ Master’s Degree ရရှိခဲ့တာပါ။

G-Dragon (Master’s Degree in Retail and Distribution)


ဖက်ရှင် ICON ဖြစ်တဲ့ G-Dragon ကတော့ ဖက်ရှင်ပစ္စည်းတွေကို ကိုယ်ပိုင် Brand ထွင်ကာ ထုတ်လုပ်ရောင်းချသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ အဲဒီပစ္စည်းတွေကို ဖြန့်ချိရေးအတွက် Retail and Distribution ပညာရပ်ကို လေ့လာခဲ့ပြီး Sejong University ကနေ Master’s Degree ရရှိခဲ့တာ ဖြစ်ပါတယ်။

– ဃဲ
Ref: Kpopstarz

You cannot copy content of this page