K pop

■ K-pop မှာ ပရိသတ်အမုန်းခံရဆုံး အမျိုးသမီး Idol (၃)ဦး

– – – K-pop idol တွေဟာ အချစ်ခံရသလောက် တစ်ခါတလေ လက်ခံနိုင်စရာမရှိတဲ့ အကြောင်းပြချက်တွေနဲ့ အမုန်းခံရတတ်ပါတယ်။ သူတို့ အမုန်းခံရတဲ့ အကြောင်းပြချက်တွေက …

ကျော်ကြားမှုနဲ့ တွဲပါလာတာက ဝေဖန်ပုတ်ခတ်မှု၊ အပြစ်တင်မှုတွေ ဖြစ်ပါတယ်။ တစ်ခါတလေ လူဆိုတဲ့ အမျိုးက ကိုယ်မလုပ်နိုင်တာကို သူများ လုပ်ရင်ကို မုန်းနေတတ်တာမျိုး၊ လှနေတာကို မနာလိုတာမျိုးကို ဒီအမျိုးသမီး Idol တွေဆိုရင် ဘာမှမဟုတ်တာလေးနဲ့ အမုန်းခံရသူတွေ ဖြစ်ပါတယ်။

BLACKPINK Jennie


Jennie က အသက်ရှုတာတောင် လူမုန်းခံရတဲ့ Idol တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ သူမဟာ မီဒီယာတွေရဲ့ စာမျက်နှာထက်မှာ မကောင်းသတင်းနဲ့ ပါတတ်သူဖြစ်ပြီး ဒါကလည်း ရယ်စရာတွေကြီးပါပဲ။ Jennie ရုပ်ချောလို့၊ Jennie ရဲ့ အဝတ်အစားတွေက တခြား BLACKPINK အဖွဲ့ဝင်တွေ ပိုကောင်းနေတယ် ဆိုတဲ့ဟာတွေက စိတ်ပျက်စရာပါ။ နောက်ဆုံး Jennie လျှာထုတ်တာတောင် ဝေဖန်ခံရတဲ့ အထိပါပဲ။

MAMAMOO Hwasa


Hwasa ဟာ ကိုရီးယားတွေ သတ်မှတ်ထားတဲ စံနှုန်းတွေနဲ့ ကွဲထွက်နေတဲ့ မိန်းကလေး ဖြစ်ပါတယ်။ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အသံ၊ ဆန်းပြားတဲ့ ဖက်ရှင်တွေက သူမကို လူမုန်းများစေတဲ့ အချက်တွေပါပဲ။ အထူးသဖြင့် Hwasa ဟာ အဝတ်အစားပိုင်းနဲ့ ပတ်သက်လို့ ဝေဖန်ခံလေ့ရှိပြီး Hwasa ကလည်း အဲဒီအတွက် ဂရုကို မစိုက်ပါဘူး။

Hyuna


ကိုရီးယားမှာ လူပြောအများဆုံး Idol တွေထဲမှာ Hyuna က ထိပ်ဆုံးက ပါပါလိမ့်မယ်။ သူ့ချစ်သူအပေါ် ဘယ်လောက် ချစ်ကြောင်း လူသိရှင်ကြားပြတာကြောင့် Hyuna ဟာ ဝေဖန်ပြစ်တင်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ရသူဖြစ်ပါတယ်။ Idol တွေ ရည်းစားထားကို လက်မခံနိုင်ကြတဲ့ ကိုရီးယားပရိသတ်တွေကြားမှာ Hyuna က သူ့ကောင်လေးနဲ့ နမ်းနေတဲ့ ပုံတွေကို တင်ရတာ စိတ်အနှောင့်အယှက်ဖြစ်ပေါ်တောင် မပြပေမယ့် တကယ်တမ်းတော့ သူမအနေနဲ့ အရမ်းခံစားခဲ့တယ်လို့ ဆိုပါတယ်။

– ဃဲ
Ref: Kpopstarz

You cannot copy content of this page