K pop

■ Baekhyun ကို အကသင်ပေးခဲ့တဲ့ EXO အဖွဲ့ဝင်

— – – အဆိုပိုင်းကို ပိုအားသန်တဲ့ Baekhyun ကို အကကျွမ်းကျင်အောင် သင်ပေးခဲ့တဲ့ EXO အဖွဲ့ဝင်က

EXO အဖွဲ့ ပွဲမထွက်ခင်တုန်းက Baekhyun နဲ့ Chen တို့ဟာ လေ့ကျင့်ချိန်နည်းပါးသလို၊ သူတို့အားသန်တာက အဆိုပိုင်း ဖြစ်လို့ အကပိုင်းမှာ အခက်အခဲတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ သိပ်မကြာခင်က ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ Baekhyun က သူ့ကို အကကျွမ်းကျင်အောင် သင်ပေးခဲ့တဲ့ EXO အဖွဲ့ကို ဖွင့်ခဲ့တာပါ။

Baekhyun က “ကျွန်တော် EXO အဖွဲ့နဲ့ ပွဲထွက်တော့ လူတွေက Baekhyun က မကတတ်ပါဘူးကွာလို့ ပြောလာမှာမျိုးကို မခံချင်ခဲ့ပါဘူး။ ကံကောင်းတာက EXO အဖွဲ့ဝင်တွေက ကျွန်တော်နဲ့ Chen ကို အကကျွမ်းကျင်အောင် ညနက်တဲ့အထိ စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ပေးကြတာပါပဲ။ Chen ကို Kai က လေ့ကျင့်ပေးပြီး ကျွန်တော့်ကိုတော့ Sehun လေးက ကူညီပေးပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီတုန်းက သူနဲ့ Chen ဟာ Dance Battle လုပ်ပြီး အသည်းအသန် လေ့ကျင့်ခဲ့ရတယ်လို့လည်း Baekhyun က ပြောပြခဲ့တာပါ။

“အဲဒီတုန်းကဆိုရင် ကျွန်တော်နဲ့ Chen ကကွက်တွေကို ဘယ်လောက် မှတ်မိသလဲဆိုပြီး Dance Battle တွေ လုပ်ခဲ့ကြပါတယ်။ အဲဒီအချိန်တွေမှာ ကျွန်တော်ဟာ အကပိုင်းမှာ အများကြီးတိုးတက်မှုတွေ ရှိခဲ့တာပါ”လို့ Baekhyun က ဆက်လက်ပြောပြခဲ့ပါတယ်။

– ဃဲ
Ref: W Korea

You cannot copy content of this page