K pop

■ V ရဲ့ အနာဂတ်သတို့သမီးလောင်းက ARMY ဖြစ်နိုင်၊ မဖြစ်နိုင်

– – – တစ်နေ့မှာ BTS အဖွဲ့ဝင် V နဲ့ ရွှေလက်တွဲမယ့်သူက … ?

BTS အဖွဲ့ဝင်တွေဟာ မင်္ဂလာဆောင်ဖို့အတွက် ပရိသတ်တွေဆီ ကမ်းလှမ်းမှုတွေ မရေတွက်နိုင်အောင် လက်ခံရရှိခဲ့ကြပါတယ်။

အဲဒီလို မင်္ဂလာဆောင်ဖို့အတွက် ကမ်းလှမ်းမှုတွေနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်တွေရဲ့ တုံ့ပြန်မှုကလည်း ကွဲပြားပါတယ်။ Jimin ဆိုရင် မိဘတွေနဲ့ တိုင်ပင်ရဦးမယ်ဆိုတာမျိုး၊ Jin ဆိုရင် မဖြစ်နိုင်တာတွေ မပြောစမ်းနဲ့ ဆိုတာမျိုးတွေပေါ့။

Weverse မှာ ARMY တွေက ‘LETS GET MARRIED!’ (ငါတို့ လက်ထပ်ကြစို့) ဆိုတဲ့ စာသားကို ARMY တွေက တင်ခဲ့ကြပါတယ်။

အဲဒီစာသားတွေအတွက် အဖြေပေးသူက အမောင် V ပါ။ V ကတော့ ခပ်ပြတ်ပြတ်ပါပဲ။ ‘NO!’ ပါတဲ့။ နောက်က ! ပါတဲ့ သဘောက လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်တယ်လို့ ARMY တွေက ဆိုနေကြပါတယ်။ ဒါပေမဲ့ အမှတ်မရှိတဲ့ ARMY တွေကတော့ အဲဒါလေးက ပိုချစ်စရာကောင်းတယ်လို့ ဆိုနေကြပြန်ပါတယ်။

– ဃဲ
Ref: Koreaboo

You cannot copy content of this page