K pop

■ ဖက်ရှင်အကျဆုံး K-pop Idol (၅) ယောက်

– – – ကိုရီးယားနာမည်ကျော် Stylist SU.S.S ကတော့ ဒီ K-pop Idol (၅)ယောက်ဟာ ဖက်ရှင်အကျဆုံးလို့ …

SU.S.S (ခေါ်) Stylist Han Hye Yeon ဟာ K-pop လောကမှ နာမည်ကြီးတဲ့ Stylist တစ်ဦးပါ။ ထိပ်တန်းကိုရီးယား အနုပညာရှင်တွေနဲ့ Idol တွေရဲ့ Stylist လည်း ဖြစ်ပါတယ်။ ဒီ Idol တွေကတော့ ဖက်ရှင်အကျဆုံးပါလို့ Stylist Han Hye Yeon က ဆိုထားတာပါ။

G-Dragon


G-Dragon က အထူးသဖြင့် အရောင်တွေကို ဘယ်လိုတွဲဖက်ရမယ်ဆိုတာကို ကောင်းကောင်းတွက်ချက်နိုင်သူပါ။ သူက ကျွန်မ သဘောအကျဆုံး ဖက်ရှင်စတားပါပဲ။ K-pop မှာရော K Industry မှာပါ သူ့လောက် ဖက်ရှင်နဲ့ပတ်သက်ပြီး ပိုင်နိုင်တဲ့သူ မရှိပါဘူး။

Girls’ Generation Sooyoung


Sooyoung က သူမနဲ့ လိုက်ဖက်အောင် ဘယ်လိုဝတ်ဆင်ရမယ်ဆိုတာကို ကောင်းကောင်းသိသူပါ။ Sooyoung ရဲ့ ပေါင်းစပ်ဝတ်ဆင်မှုတွေက သူမ ဘယ်လိုစိတ်ကူးရတာလဲဆိုပြီးတောင် တွေးရတဲ့အထိပါပဲ။

SHINee Key


ခြေအစ ခေါင်းအဆုံး ဘယ်လိုလေး ဝတ်လိုက်ရင် လိုက်ဖက်ဆိုတာကို Key က ကောင်းကောင်းသိတယ်။ ပြီးတော့ Key က ဖက်ရှင်နဲ့ ပတ်သက်ပြီး မကြောက်ဘူး။ ရှက်မနေဘူး။ ဒါကို ပို သဘောကျတယ်။

BLACKPINK Jennie


Jennie က ဘာဝတ်ဝတ် လှနေတာပါပဲ။ ဘယ်လို အဝတ်အစားမျိုးပဲ လာလာ Jennie က အဲဒါကို သူကိုယ်တိုင် လုပ်ထားတဲ့ အဝတ်အစားတွေလို ဖြစ်အောင် ခံစားချက်ကို ဖြစ်စေတယ်။

BTS Jimin


Jimin က ဖက်ရှင်လောက တက်သစ်စ ကြယ်ပွင့်လို့ ပြောရမယ်။ သူက ပေါ့ပါ့ပါးပါးနဲ့ သက်သောင့်သက်သာ ဖြစ်တဲ့ အဝတ်အစားတွေကို စတိုင်လ်ကျအောင် ဝတ်နိုင်တာ ပညာပါပဲ။

– ဃဲ
Ref: Koreaboo

You cannot copy content of this page