K pop

■ Crush နဲ့ တွေ့ရင် ဒီလို “ရို” လို့ရတယ်

— – – အချစ်ရေးနဲ့ ပတ်သက်လို့ အကူအညီလိုနေပါသလား။ စိတ်မပူပါနဲ့။ V က …

Crush နဲ့ တွေ့ရင် “ရို” နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုကို ARMY တွေအတွက် V က ဖွင့်ဟခဲ့ပါတယ်။ ARMY တွေရဲ့ လက်ထပ်ဖို့ တောင်းဆိုမှုကို ငြင်းဆန်ထားပေမယ့် ARMY တွေကို အချစ်ရေးမှာ အဆင်ပြေဖို့ V က မျှော်လင့်နေတာပါ။

Weverse မှာ ပရိသတ်တစ်ယောက်က “သိပ်မကြာခင်မှာ ကျွန်မ သဘောကျတဲ့လူနဲ့ သွားတွေ့မှာပါ။ အဲဒီအတွက် အရမ်း ကြောက်နေပါတယ်။ ကျွန်မကို အားပေးကြပါဦး”ဆိုပြီး BTS အဖွဲ့ဝင်တွေနဲ့ ARMY တွေဆီကို တောင်းဆိုခဲ့တာပါ။

V ကတော့ အဲဒီပရိသတ်ကို အားပေးတာမျိုး မဟုတ်ဘဲ လုပ်ဆောင်ရမယ့် နည်းလမ်းကို ပြောပြခဲ့တာပါ။ V က “မင်းအနေနဲ့ Crush နဲ့ တွေ့ပြီဆိုတာနဲ့ ရေဘူးက ရေကို တစ်ဝက်လောက် သောက်လိုက်ပါ။ ပြီးတော့ အဲဒီထဲမှာ နှင်းဆီပန်းလေးကို စိုက်ပြီး Crush ကို ပေးလိုက်ပေါ့”ဆိုပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။

V ဟာ အခု သူအကြံပေးခဲ့သလို BTS Boom ရဲ့ ehind the scenes clip တစ်ခုမှာ လုပ်ဆောင်ပြခဲ့တာကို ပရိသတ်တွေ မှတ်မိဦးမယ် ထင်ပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page