K pop

■ သီချင်းတစ်ပုဒ်အတွက် G-Dragon ဘယ်လောက်အထိ စဉ်းစားသလဲ

— – – BIGBANG လို့ဆိုလိုက်တာနဲ့ သူတို့ဂီတကို အရင်ပြေးမြင်ကြလိမ့်မယ်။ အဲဒီဂီတကို ထုဆစ်တဲ့ G-Dragon ရဲ့ အတွေးက ဘယ်လိုများ ရှိနေမလဲ။

BIGBANG ဆိုတာ K-pop လောကမှာတော့ ဂုဏ်သိက္ခာအမြင့်မားဆုံး နာမည်တစ်လုံးဖြစ်ပြီး လက်ရှိ K-pop စီးကြောင်းနဲ့ စတိုင်ဟာ သူတို့ဆီက ဆင်းသက်လာတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လက်ရှိ K-pop ကို စိုးမိုးထားတယ်လို့ ဆိုနိုင်တဲ့ BTS နဲ့ BLACKPINK က BIG BANG ကို စံပြထားတဲ့ အဖွဲ့တွေဖြစ်ပါတယ်။

ကြက်သီးထလောက်စရာကောင်းတဲ့ BIGBANG ရဲ့ သီချင်းတွေကို အများဆုံး ဖန်တီးသူက အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ G-Dragon ပါ။ G-Dragon က သူ့ရဲ့ ဖန်တီးမှုတွေနဲ့ ပတ်သက်လို့ အခုလို ပြောပြပါတယ်။

“ကျွန်တော်တို့ အဖွဲ့က ပရိသတ်တွေ အာရုံစိုက်မှုအပြင် ပရိသတ်တွေရဲ့ အချစ်ကို လက်ခံရရှိတဲ့ အဖွဲ့ ဖြစ်တယ်။ ဒီတော့ သီချင်းသစ်တွေ ထုတ်တဲ့အခါ ကျော်ကြားမှုကို ကျွန်တော်တို့ ထည့်တွက်ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ တကယ်နှစ်သက်တဲ့၊ ချစ်တဲ့ ဂီတတွေကို ဖန်တီးဖို့ ကြိုးစားကြတာပါ”လို့ G-Dragon က ဆိုပါတယ်။

ဂီတမှာ အောင်မြင်မှုကို ပရိသတ်နဲ့ တိုင်းပါတယ်။ သီချင်းတစ်ပုဒ်ကို နားထောင်သူများလေ အောင်မြင်လေ မဟုတ်လား။ သူတို့ရဲ့ဂီတတွေကို တစ်ကမ္ဘာလုံးနားထောင်ချင်တာ အဆိုတော်တိုင်းရဲ့ ဆန္ဒဖြစ်ပါလိမ့်မယ်။ ဒီမှာ သီချင်းကို ပရိသတ် အကြိုက်ဖန်တီးမလား၊ ကိုယ့်ကြိုက်တာ ကိုယ်ဖန်တီးမလားဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။

ဆက်ပြီးတော့ G-Dragon က “ဒါပေမဲ့ တစ်ဖက်မှာလည်း ဒါကို ကျွန်တော် တွေးမိတယ်။ ပရိသတ်အကြိုက် သီချင်းတွေ၊ Album တွေ လုပ်မယ့်အစား ကျွန်တော်တို့ ကြိုက်တာကို လုပ်ပြီး ဒါကို ပရိသတ်တွေ ကြိုက်လုပ်မလားဆိုတာပေါ့။ အဲဒီလို သီချင်းတွေကို ပရိသတ်တွေ ကြိုက်တဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့ အတွေးမှန်ပါလားလို့ဆိုပြီး ကျေနပ်ရတာပေါ့”လို့ ဆိုပါတယ်။

— ဃဲ
Ref: BIGBANG Documentary

You cannot copy content of this page