K pop

■ BTS အဖွဲ့မှာ ဒေါသထွက်ရင် ဘယ်သူ ကြောက်စရာအကောင်းဆုံးလဲ

— – – စည်းကမ်းကြီးတဲ့ ခေါင်းဆောင်ကြီးလား။ အဖွဲ့ဝင်တိုင်းကို Diss တတ်တဲ့ Suga လား။ ဒါမှမဟုတ် အသက်အကြီးဆုံး WWH လား … အဖြေက ဘာများဖြစ်မလဲ?

ကောင်လေး (၇)ယောက်နဲ့ ဖွဲ့စည်းထားတဲ့ BTS အဖွဲ့ဟာ အခုဆိုရင်တော့ K-pop မှာ သာမက ကမ္ဘာကျော်အဆိုတော်တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အဆင့်တစ်ခုအထိ တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

BTS အဖွဲ့မှာ ဒေါသထွက်ရင် ကြောက်စရာအကောင်းဆုံး ဘယ်သူဖြစ်မလဲ။ ဒီမေးခွန်းကို သူတို့ရဲ့ စရိုက်တွေကြည့်ပြီး ဖြေမယ်ဆိုရင်တော့ RM တို့၊ Suga တို့ ဒါမှမဟုတ် Jin တို့ ရွေးကြဖို့ များပါတယ်။ ဒါပေမဲ့ တစ်ဦးနဲ့ တစ်ဦး အမြဲတမ်းထိတွေ့နေတဲ့ BTS အဖွဲ့ဝင်တွေထက် သူတို့အကြောင်း ဘယ်သူ ပိုသိမလဲ။

V ကတော့ BTS အဖွဲ့မှာ ဒေါသထွက်ရင် ကြောက်စရာအကောင်းဆုံးအဖြစ် J-Hope နဲ့ Jimin ကို ရွေးထားပါတယ်။ Suga ကတော့ J-Hope ကသာ ကြောက်စရာ အကောင်းဆုံးပါလို့ ဆိုပါတယ်။

အမြဲတမ်းပြုံးရွှင်နေတတ်ပြီး ချစ်စရာကောင်းတဲ့ J-Hope ဟာ ဒေါသထွက်လာပြီဆိုရင် ကြောက်ရသူဖြစ်ပါသတဲ့။ Suga က “BTS အဖွဲ့ဝင်တွေမှာ ဒေါသမထွက်တတ်ဆုံး လူကို ရွေးပါဆိုရင် J-Hope ကိုပဲ ပြရမယ်။ အဲဒီလိုပဲ ဒေါသထွက်ရင် ကြောက်စရာအကောင်းဆုံးကို ပြပါဆိုရင်လည်း J-Hope ပါပဲ”လို့ ဆိုခဲ့တာပါ။

— ဃဲ
Ref: Koreaboo

You cannot copy content of this page