K pop

■ ပွဲမထွက်ခင်ကတည်းက BLACKPINK အဖွဲ့ဝင်တွေ အားပေးခဲ့တဲ့ Idol

— – – အဲဒီတုန်းက BLACKPINK အဖွဲ့ဝင်တွေ သင်တန်းသူတွေအဖြစ်ပဲ ရှိသေးပြီး သူတို့အားပေးတဲ့ Idol ကလည်း အဲဒီတုန်းက …

TWICE အဖွဲ့ရဲ့ ဖြစ်တည်ရာဖြစ်တဲ့ Sixteen Show ကို ပရိသတ်တွေ မှတ်မိကြဦးမယ် ထင်ပါတယ်။ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ reality girl group survival show တစ်ခုဖြစ်တဲ့ Sixteen ကို ပြိုင်ပွဲဝင်ကောင်မလေး (၁၆)ဦးနဲ့ ပြုလုပ်ခဲ့တာပါ။

အဲဒီ Sixteen Show ဟာ အဲဒီတုန်းက လူတွေ စိတ်ဝင်တစားကြည့်ကြတဲ့ Show ဖြစ်ပြီး Idol ဖြစ်ဖို့ လေ့ကျင့်နေတဲ့ BLACKPINK အဖွဲ့ဝင်တွေကလည်း အဲဒီ Show ကို မလွတ်တမ်း အားပေးခဲ့ကြပါတယ်။

Jeon Somi ရဲ့ ရသစုံလင်အစီအစဉ်ဖြစ်တဲ့ I Am Somi မှာတော့ Sixteen Show နဲ့ ပတ်သက်ပြီး BLACKPINK အဖွဲ့ဝင် Lisa က ပြောပြခဲ့ပါတယ်။

Lisa က “Sixteen Show ကို ငါတို့ ကြည့်ခဲ့ကြတယ်။ အဲဒီတုန်းက နင် ပြုတ်သွားတော့ ငါတို့က မဖြစ်ဘူးဆိုပြီး အော်ခဲ့ကြတာ။ အဲဒီတုန်းက ငါတို့က နင့်ကို အားပေးခဲ့တာ”လို့ Somi ကို ပြောပြခဲ့တာပါ။

အဲဒီ Sixteen Show မှာ Somi ပါဝင်ခဲ့ပေမယ့် ပြုတ်ခဲ့ပြီး နောက်ပိုင်း Produce 48 မှာ ဗိုလ်စွဲကာ I.O.I အဖွဲ့နဲ့ ပွဲထွက်ခဲ့ကာ အခုအချိန်မှာတော့ YG ရဲ့ Sub Label ဖြစ်တဲ့ The Black Label မှာ တစ်ကိုယ်တော်အဆိုတော်အဖြစ် ရပ်တည်နေတာပါ။

Lisa ရဲ့ စကားကို ကြားပြီးနောက်မှာ Somi က “အခုရော ကြိုက်သေးလား”လို့ မေးတဲ့အခါ Lisa က “ဒါပေါ့”လို့ ပြန်ဖြေခဲ့ပါတယ်။ YG ရဲ့ တေးရေးဆရာနဲ့ ထုတ်လုပ်သူ Teddy ကတော့ Lisa နဲ့ Somi ကို အရူးကြီးနဲ့ အရူးလေးဆိုပြီး စနောက်ခဲ့ပါတယ်။

— ဃဲ
Ref: I Am Somi

You cannot copy content of this page