— – – Baekhyun ရဲ့ ideal type ကတော့ ခင်ဗျားတို့ ထင်ထားတာနဲ့ တက်တက်စင်လွဲမယ် …
EXO အဖွဲ့ဝင် Baekhyun ဟာ ပရိသတ်တွေ အရမ်းအချစ်ခံရတဲ့ Idol တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ပျော်ရွှင်စွာနေတတ်မှု၊ အဖွဲ့ဝင်တွေအပေါ် စနောက်တတ်တွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်သူပါ။
Baekhyun ဟာ အရင်တုန်းက Shim Shim Ta Pa ဆိုတဲ့ အစီအစဉ်မှာ သူ့ရဲ့ ideal type နဲ့ပတ်သက်လို့ အခုလိုတိတိကျကျ ဝန်ခံခဲ့ဖူးပါတယ်။ သူလက်တွဲချင်တဲ့ မိန်းကလေးပုံစံနဲ့ ပတ်သက်လို့ Baekhyun က “အရပ်အမောင်းနဲ့ ခန္ဓာကိုယ် လိုက်ဖက်တဲ့ သေးသေးကွေးကွေးမိန်းကလေးတွေကို သဘောကျပါတယ်။ ပြီးတော့ အသားအရေကောင်းပြီး ပြည့်ပြည့်တင်းတင်းပုံစံမျိုးလေးကို ကြိုက်ပါတယ်”လို့ ဆိုပါတယ်။
သူ လက်တွဲချင်တဲ့ ကောင်မလေးမှာ ရှိရမယ့် စိတ်ထားနဲ့ ပတ်သက်လို့ Baekhyun က “ကိုယ်ကျင့်တရားပိုင်းအရဆိုရင်တော့ သိပ်ပြီးသွက်လက်ချက်ချာတာမျိုးကို ကျွန်တော် မနှစ်သက်ပါဘူး။ ကျွန်တော့်ရဲ့ ပြောစကားတွေမှာ ပြုံးရယ်ပြီး ကျွန်တော့်ကို ကြည့်နေတဲ့ ကောင်မလေးကို သဘောကျပါတယ်”လို့ ပြောဆိုခဲ့တာပါ။
နောက်တစ်ချက်ကတော့ Baekhyun က သူ့အပေါ် ကောင်းတဲ့ မိန်းကလေးမျိုးကို သဘောမကျဘူးလို့ ဆိုပါတယ်။ “ကျွန်တော် ကတော့ ချဉ်းကပ်ရခက်ပြီး ယောကျ်ားတွေရဲ့ အထာကို ကောင်းကောင်းနားလည်တဲ့ မိန်းကလေးမျိုးကို ပိုသဘောကျပါတယ်”လို့ Baekhyun က ဆိုခဲ့ပါတယ်။
— ဃဲ
Ref: Koreaboo